အဆိုတော်ကောင်းကောင်းကတော့ အလုပ်တွေ ကြိုးစားလို့နေပါတယ် ။ နှစ်သစ်ကူးချိန်နီးပြီမို့ အားလပ်ရက်တွေများပြားပြီးပျော်ပွဲရွှင်ပွဲတွေလည်း အများကြီးရှိလာတာကြောင့် အနုပညာရှင်တွေလဲ ပရိတ်သတ်ကိုဖျော်ဖြေဖို့ အတော်ကိုအလုပ်များနေကြပါတယ် ။ ကောင်းကောင်းလည်း အတူတူပါပဲ ။ ခုလည်း ပွဲဖျော်ဖြေဖို့သွားရင်း ပွဲမှာအတူဆိုကြမယ့် အနုပညာမောင်နှမတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ကူးခဲ့တာကိုတွေ့ရှိရပါတယ် ။ 

အတူတူရိုက်ကူးဖြစ်ခဲ့တဲ့ အဆိုရှင်တွေကလည်း ပရိတ်သတ်အချစ်တော်တွေချည်းပါပဲ ။ ကောင်းကောင်းတစ်ယောက်လဲ ပျော်ရွှင်နေတာကိုတွေ့မြင်ရမှာပါ ။ ချစ်ဇနီးကလည်း ကိုယ်ဝန်လွယ်ထားတာမို့ မကြာခင်မှာ ကလေးဖေဖေ ဖြစ်တော့မယ့်ကောင်းကောင်းဟာ ဇနီးကိုလည်း အလွန်ဂရုစိုက်ပုံပါပဲ ။ 

သူတို့နှစ်ယောက် ပျော်ရွှင်နေတဲ့ အမှတ်တရပုံလေးတွေကိုလည်း ရံဖန်ရံခါ လူမှုကွန်ယက်မှာတွေ့ရတတ်ပါတယ် ။ ပရိတ်သတ်တွေကိုဖျော်ဖြေရင်းနဲ့ တစ်ဖက်မှာလည်း solo Album ကို ထွက်ဖို့ ကြိုးစားနေတဲ့ ကောင်းကောင်းရဲ့ အနုပညာမောင်နှမတွေကြား ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ခုလိုပဲ စုစည်းဖော်ပြပေးလိုက်ပါတယ် ။  

သတင်းအရင်းမြစ် Kaung Kaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။