ဒီဇင်ဘာလကတော့ တကယ့်ကို ခရီးသွားလို့ကောင်းတဲ့ရာသီပါပဲ ။ အားလပ်ရက်တွေလည်း များပြားသလို မိသားစုစုံစုံလင်လင်နဲ့ ခရီးတွေထွက်ကြတဲ့ လ လို့တောင် ဆိုရမှာပါ ။ အနုပညာရှင်တွေလည်း မိသားစုကိုအချိန်ပေးပြီး ခရီးတွေထွက်နေကြတာကိုလည်း တွေ့ရှိရပါတယ် ။ ခုလည်းအဆိုတော်ထူးအယ်လင်းတို့ မိသားစုလေးကတော့ မြဝတီမဲဆောက်နယ်စပ်ကို အလည်ရောက်ရှိလို့နေပါတယ်တဲ့ ။ 

ထူးအယ်လင်း ဟာ ဇနီး သားနဲ့ အတူ အခြားသူငယ်ချင်းတွေနဲ့ပါ ပျော်ပျော်ပါးပါး ခရီးသွားနေကြတာပါ ။ လည်ပါတ်စရာနေရာလေးတွေမှာ အမှတ်တရဓါတ်ပုံတွေရိုက်ကူးခဲ့သလို နေရာစုံအောင်လျှောက်လည်ခဲ့ကြပါတယ် ။ ထူးအယ်လင်းဟာ နာမည်ကျော်သီချင်း အချစ်လို့ခေါ်သလား အပါအဝင် လူငယ်တွေကြားရေပန်းစားတဲ့ အခြားသီချင်းပေါင်းများစွာကို သီဆိုခဲ့တဲ့ အဆိုရှင်တစ်ဦးပါ ။ 

တိုင်းရင်းသားပီပီ ပွင့်လင်းပြီး ဒဲ့တိုးပြောဆိုတတ်တဲ့ ပုံစံကြောင့် ဝေဖန်မှုအချို ့ကိုလည်း ခံခဲ့ရပေမယ့် သူနဲ့ရင်းနှီးမှုရှိတဲ့ အသိုင်းအဝိုင်းကတော့ သူက စိတ်ရင်းကောင်းမွန်သူတစ်ဦးဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ် ။

ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်တဲ့ ။ ခရီးသွားနေတဲ့ သူတို့မိသားစုရဲ့ အပျော်လေးတွေကို ပုံလေးတွေကတဆင့်မျှဝေလိုက်ရအောင်နော် ...  

သတင်းအရင်းမြစ် htoo al lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။