မော်ဒယ်ရွှေဇင်ကတော့ စွဲမက်ဖွယ် ပုံရိပ်တွေနဲ့အတူ ကျော်ကြားသူပါ ။ သူမက ကိုယ်ခန္တာအချိုးအစားလှပတဲ့ မော်ဒယ်တွေထဲ တစ်ယောက်အပါအဝင်လည်းဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မော်ဒယ်မင်းသမီးလေးက အလှုအတန်းမှာလည်း လက်မနှေးလှပါဘူး ။ သူတို့မိသားစု ကိုးကွယ်တဲ့ ဘုန်းဘုန်းသက်တော် ရ၈ နှစ်ပြည့်မွေးနေ့ မှာ သံဃာ ၄၅ ပါးအတွက် အချိုပွဲတာဝန်ယူလှုဒါန်းထားတဲ့အတွက် Shooting အပြန်ညကြီးမင်းကြီးတောင် အလှုအတွက် လိုအပ်တာတွေ လုပ်ပြီး ဘုန်းကြီးကျောင်းကို ပြေးလှုခဲ့ရတယ်လို့ သူမကဆိုခဲ့ပါတယ် ။ 

" မနက်ဖြန် ဘုန်းဘုန်းသက်တော် ရ၈ နှစ်ပြည့်မွေးနေ့ မှာ သံဃာ ၄၅ ပါးအတွက် အချိုပွဲတာဝန်ယူထားတာပါ ရှင်

Shooting ကပြန်ရောက်တော့ ည ၉ နာရီခွဲ မေမေ့ကိုအိမ်ထဲဝင်ခေါ်( ဒီနေ့ shooting မေမေမလိုက်လို့ ) capital အမြန်ပြေး( ပိတ်သွားမှာစိုးလို့ )

တော်သေး

Capital ရောက်တော့မပိတ်သေးဘူး

ကမန်းကတန်း အချိုပွဲအတွက်ဝယ် ( တကယ်က မြိတ်မောင်တိတ်ဆိုင်ကဆနွင်းမကင်း အုန်းနို့ကျောက်ကြော စတာတွေကပ်ချင်တာပါ အချိန်ကဘယ်လိုမှမမှီလို့

Capital က အုန်းနို့ကျောက်ကြော ဆယ်လွှာကျောက်ကျော မြင့်မြင့်ခင်ထိုးမုန့် ဧလမုန့် ငါးရံ့ခြောက် နဲ့ အအေး ပဲစီစဉ်လိုက်ရတယ် )

Capital ကအပြန် shooting ကအိကျႌကြီး နဲ့ ဘုန်းဘုန်းဆီဝင်လို့အဆင်မပြေလို့ လမ်းမှာကားရပ် ကားပေါ်တင်စကပ်အရှည်လေးပြန်လဲ ) ပြီးမှဘုန်းဘုန်းကျောင်းဝင်ရပါတယ်

ဗိုက်လဲအသေအလဲဆာနေပြီမို့ ဘုန်းဘုန်းကျောင်းမှာ အာပူလျှာပူ စားခဲ့လိုက်တယ်

အရသာရှိလိုက်တာ ချိုလို့

အိမ်ပြန်တော့မယ်ရှင့်

မနက် ၅ နာရီ ဘုန်းဘုန်းကျောင်းမှာ အာရုဏ်ဆွမ်းကပ်လှူအမှီအရောက်သွားရမှာပါရှင် " လို့ သူမရဲ့ ကတိုက်ကရိုက်အဖြစ်လေးကို ပြန်ပြောင်းပြောပြထားတာပါ ။

ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တွေမအားတဲ့ကြားကတော့ ကိုယ်တိုင်ကိုယ်ကျ လှုဒါန်းဖို့ကို လိုက်ဆောင်ရွက်တဲ့ မင်းသမီးလေးရဲ့ သဒ္ဒါတရားကိုတော့ ချီးကျူးရမှာပါပဲ ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Shwe Sin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။