မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ စတုတ်စီးတီးအသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းကို ကျော်တတ်ခဲ့ပြီး အဆင့် ၂ နေရာကို ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။အဆင့် ၃ နေရာရောက်သွားတဲ့ မန်သူအသင်းကို ၁ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဇယားထိပ်ဆုံးက တစ်ပွဲလျော့ကန်ထားတဲ့ မန်စီးတီးအသင်းနဲ့ ၁၃ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ဝီလီယံ၊ ပတ်ဒရို၊ မော့ဆက်၊ ကန်တေ၊ ဒရင့်ဝါးတား၊ အလွန်ဆို တို့ကို ပွဲထုတ်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘရာဟီနို၊ အဖယ်လေ၊ ဒီအော့ဖ်၊ ရာမာဒမ်၊ အဒမ်၊ ဖလက်ချာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ စတုတ်စီးတီးဘက်ကို ဂိုးသွင်းခွင့်များစွာချိန်းခြောက်နိုင်ခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၃ မိနစ်မှာပဲ ရူဒီဂါက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၉ မိနစ်မှာတော့ ဒရင့်ဝါးတာက ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၂၃ မိနစ်မှာတော့ ပတ်ဒရို က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။လေးဂိုးမြောက် ဂိုးကိုတော့ ၇၃ မိနစ်မှာ ဝီလီယံ က ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့ပါတယ်။နောက်ဆုံးဂိုးကိုတော့ ၈၈ မိနစ်မှာ ဇာပါကော်စတာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။