မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိသရေ ကျခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ သုံးပွဲဆက်သရေကျခဲ့တာလည်းဖြစ်ပါတယ်။သရေပွဲတွေကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရပြီး အဆင့် ၂ နေရာက ဖယ်ပေးလိုက်ရပြီးလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာကိုတော့ ချဲလ်ဆီးအသင်းက ရယူနိုင်ခဲ့ပြီး မန်ယူအသင်းကတော့ အဆင့် ၃ နေရာရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ မာတာ၊ လင်ဂတ်၊ အမ်ခီတာရန် ၊ ပေါ့ဘာ၊ မာတစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရှိန်းလောင်း၊ ဆိုဖီယာနီ ၊ တာဒစ်၊ ပရောဆီ၊ ရိုမီယူ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်သာ အသာရရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဂိုးကန်သွင်းခွင့်တွေရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် သရေတစ်မှတ်ခွဲယူခဲ့ရတာလည်းဖြစ်ပါတယ်။လူကာကူဒဏ်ရာရရှိခဲ့တာကြောင့် ၁၄ မိနစ်မှာပဲ ရက်ဖို့စ် နဲ့ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းကလည်း ဂါဘီယာဒီနီ ၊ ရတ်မွန်၊ လီမီနာ တို့ကို လူစားလဲအသုံးပြုခဲ့ပေမဲ့ ရလဒ်ကတော့ ပြောင်းလဲခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ နောက်လာမဲ့ ပွဲမှာတော့ အဲဗာတန်အသင်းနဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။