သက်ငယ်မုဒိမ်းမှုတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းရေးဆွဲ

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက် တကျွန်း အထိအပြစ်ပေးနိုင်မယ့်

ဥပဒေကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာ

သမားတွေကို ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောခဲ့တာ

ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအသစ်ပြန်လည်ရေးဆွဲပြီး သက်ငယ်

မုဒိမ်းမှု ကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် ၁ဝနှစ်ကနေ

ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ ပြစ်မှုပြစ်ဒဏ် တွေကို ထည့်သွင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

ရှေ့နေချုပ်ရုံးကနေ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့

အခါ အဲဒီဥပဒေကြမ်းကို လွှတ်တော်ထံ မကြာမီ တင်သွင်းသွားမယ်

လို့လည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိပေးဖို့နဲ့ တောင်းဆို

မှုတွေ ရှိနေပါတယ်။

Credit - RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။