X Box ဆိုတာ လူငယ်တွေကြား အရမ်းအားပေးနှစ်သက်ရတဲ့ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်ပါတယ်။ နာမည်ကြီးပြီး ဟစ်ဖြစ်ခဲ့တဲ့ သီချင်းတော်တော်များများထွက်ရှိခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အနုပညာရှင်အချို့ကတော့ သူ့ကိုချစ်စနိုးနဲ့ အဖူး လို့ခေါ်ကြပြီး မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးနှစ်သက်ခြင်းကို ခံရသူလည်းဖြစ်ပါတယ်။

ယခုလတ်တလောမှာတော့ အဆိုတော် X Box နဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတစ်ပုံဟာ လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လို့နေပြီး သူ့ရဲ့ပရိသတ်တွေကြားမှာတော့ စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ မိန်းကလေးတစ်ယောက်နဲ့အတူ စျေးဝယ်ထွက်နေတဲ့ ဓာတ်ပုံတစ်ပုံကို X Box B Lord ဆိုတဲ့ page မှာ "အဲလို သူချစ်တွေရှိပီလား.." ဆိုတဲ့ စာသားလေးနဲ့အတူ ရေးတင်ထားတာတွေ့ရပါတယ်။ ဒီ post အောက်မှာတော့ ဓာတ်ပုံထဲက မိန်းကလေးလို့ ယူဆရတဲ့ SAI Cosmetics ရဲ့ ကြော်ငြာမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ ကောင်မလေးရဲ့ အကောင့်မှာလည်း ဒီဓာတ်ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။ 

လတ်တလောမှာတော့ ဒီသတင်းဟာ X box ရဲ့ ပရိသတ်တွေကြား စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့တော့ X Box ဘက်က ပြန်လည်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။ X Box ဟာ လက်ရှိမှာတော့ သူဝါသနာပါတဲ့ ဂီတနဲ့ပတ်သတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေတာတွေ့ရပြီး မကြာခင်က ကျင်းပခဲ့တဲ့ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ပန်းပွဲတော်ဖွင့်ပွဲမှာလည်း အခြားနာမည်ကြီးအဆိုတော်တွေနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တာ တွေ့ရပါတယ် ပရိသတ်ကြီးရေ....

Source: X Box Bord

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။