ယခု နောက်ပိုင်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးလာတဲ့ မန္တလေးသား ဟစ်ဟော့ တေးသံရှင် J Fire ပဲဖြစ်ပါတယ်။ J Fireဟာ လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ တိုင်ဆိုင်တဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး ပရိသတ်တွေ နှုတ်ဖျားမှာ စွဲစေခဲ့တဲ့ တေးသီချင်းလေးတွေရဲ့ ဖန်တီးရှင် ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း သူရဲ့ ဘော်ဒီဝိတ်ကို လုံးဝပြောင်းလဲ ပြစ်ခဲ့ပြီး ပရိသတ်တွေကို ချပြခဲ့တာကြောင့် သူရဲ့ ပရိသတ်တွေ အရမ်းကို အံ့အားသင့်ခဲ့ ရတာပဲဖြစ်ပါတယ်။ 

ကျန်းမာရေး အလေးထားပြီး အားကစားပုံမှန် လုပ်ဖြစ်နေတဲ့ J Fireဟာ ၂၀၁၇ အကုန်၂၀၁၈ အကူးအပြောင်း ကာလဖြစ်တဲ့ ယခု New Year အချိန်အခါမှာ အားကစားလုပ်ရင်း ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။မနက်ခင်း စက်ဘီးစီးရင်း အခုလို မတော်တဆ ဒဏ်ရာရရှိခဲ့ တာပဲဖြစ်ပါတယ်။J Fireရဲ့ ချစ်ပရိသတ်တွေကလည်း အရမ်းကို စိတ်ပူနေကြပြီး J Fireကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် မရတဲ့အတွက် စိတ်မပူကြဖို့ အသိပေးခဲ့တာပဲဖြစ်ပါတယ်။

သူရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်ခ် စာမျက်နှာမှာတော့ "မနက်ခင်းစက်ဘီးစီးရင်း Accidentဖြစ်ပါတယ် ဆိုးဆိုးဝါးဝါး ဘာတစ်ခုမှမဖြစ်ပေမယ့် ခေါင်းနဲ့ကျတဲ့အချိန် ဦးထုတ်သာမပါခဲ့ရင် မလွယ်ဘူး စက်ဘီးပဲစီးစီး ဆိုင်ကယ်ပဲ စီးစီးဦးထုပ် ဆောင်းပြီးမေးသိုင်းကြိုးတပ်ကြပါ" ရေးသားခဲ့ တာပဲဖြစ် ပါတယ်။ရရှိခဲ့တဲ့ ဒဏ်ရာအနဲငယ်ကိုလည်း ဖြစ်ဖြစ်ချင်းမှာ ဆေးကုသမှု သွားရောက်ခံယူ ခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေ ထဲမှာလည်း စက်စီးဝါသနာပါတဲ့ သူတွေရှိရင် ဦးထုပ်ဆောင်းဖို့ မေးသိုင်းကြိုးတပ်ဖို့မမေ့နဲ့နော်။

သတင်းအရင်းအမြစ် - J Fire 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။