နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုရတီစိုးတစ်ယောက် Wellness မဂ္ဂဇင်း မျက်နှာဖုံးအတွက် အလှပုံလေးတွေရိုက်ကူးထားပါတယ်။ GYM ခန်းမမှာရိုက် ကူးထားတာဖြစ်ပြီး သူမ Gym ဆော့နေတဲ့ ပုံရိပ်တွေကို ဆွဲဆောင်မှုအပြည့်ဖြစ်အောင် ရိုက် ကူးထားတာဖြစ်ပါတယ်။ တကယ်ကို လှပပြီး ကြွေချင်စရာကောင်းလှပါတယ် ပရိတ်သတ် ကြီးရေ။ သူမရဲ့ချစ်စရာကောင်းပုံ လေးကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေဟာ အများအပြားတည်ရှိနေတာပဲ ဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့အပြင် ချစ်စရာရုပ်ရှည်သွင်ပြင် လေးနဲ့ပါ ပရိတ်သတ်တွေကို ဖမ်းစားနိုင်သူလေးပေါ့။

သူမဟာ သီချင်းခွေလည်းထွက်ရှိထားပြီး ပရိတ်သတ်အားပေးမှုတွေလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါပဲ။ သူမချစ်သူ အဆိုတော် G-Fatt က သူမခရီးသွားနေစဉ် ပို့ပေး တဲ့ အချစ်စာလွှာ လေးတွေက ပရိတ်သတ်တွေကြားမှာ ရေပန်းအစားဆုံး စကားလုံးလေး တွေပါပဲ။ သီချင်းရေးသူပီပီ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ရင်ခုန်ချင်စရာလေးဖြစ်အောင် ရေးဖွဲ့ထားတာမို့ နန်းစု ကတော့ ကြွေပြီးရင်းကြွေဖြစ်မှာ အသေအချာပါပဲ။ သူမနောက်ဆုံးသီဆိုထားတဲ့ “ ရူးအောင် ချစ်ရသူ ” သီချင်း MTV ဟာလည်း သူမချစ်သူနဲ့အတူ ရိုဆန်ဆန်လေးရိုက်ကူးထားတာဖြစ် ပါတယ်။

လတ်တလောမှာတော့ သူမဟာ Wellness Magazine Cover အတွက် ရိုက်ကူးပေးထားတဲ့ အလှဓာတ်ပုံလေးဟာ တကယ်ကိုအမိုက်စားပုံရိပ်တွေအဖြစ် ရုပ်လုံးပေါ်လာပြီး ပရိတ်သတ် တွေဆီ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ သူမရဲ့ Gym ဆော့နေတဲ့ပုံရိပ်တွေနဲ့ Gym မှာရိုက် ကူးထားတဲ့ အမိုက်စား Pose တွေက ပရိတ်သတ်တွေကို ဖမ်းစားနိုင်မှာအသေအချာပါပဲ။ တကယ်ကိုမိုက်လွန်းတာကြောင့် အပြေးလေးတင်ဆက်ပေးလိုက်တယ်နော်။

Photo – Kansuho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။