နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးတစ်ယောက် လက်ရှိရိုက်ကူးနေဆဲဖြစ်တဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဦးလွင်ကို သွားခဲ့ပါတယ်။ နေတိုးဟာ အောင်မြင်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး အားပေးသူပရိတ်သတ်တွေကလည်း အများအပြားပါပဲ။ မြန်မာ နိုင်ငံရဲ့ ထိပ်တန်း စာရင်းဝင်မင်းသားတစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် တစ်ဦးလည်း ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း နှစ်ဆုထိပိုင်ဆိုင်ထားပြီး စွယ်စုံရမင်းသားချောတစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ဆယ်စုနှစ်ကျော် ကြာ အောင်မြင်မှုတွေနဲ့ရပ်တည်ခဲ့ပြီး အခုချိန်ထိလည်း အောင်မြင်မှုကို ထိန်းသိမ်းထားနိုင် တဲ့ ပရိတ်သတ်အချစ်တော်တစ်ဦး ဖြစ်ပါတယ်။

ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး အရည်အချင်းပြည်ဝတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါ တယ်။ “ တာတေကြီး ” “ ထာဝရအမေ ” စတဲ့ဇာတ်ကားတွေဟာ လတ်တလောရုံတင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပြီး ပရိတ်သတ်အားပေးမှုကြမ်းခဲ့တဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုနောက် ပိုင်း သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်တဲ့ “ လရောင်ဖြာတဲ့အင်းလေးမှာ ” ဆိုတဲ့ ဇာတ်ကားဟာလည်း ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။ လက်ရှိရိုက်ကူးနေတဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားအတွက် နေတိုးတစ်ယောက် ပြင်ဦးလွင်မြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတစ်ဦးလည်းဖြစ်ပြီး လူရွှင်တော်၊ သီချင်း၊ သရုပ်ဆောင် အစစအရာရာမှာ ပြည့်စုံကာ ပရိတ်သတ်ကို ပုံစံအမျိုးမျိုးနဲ့ဖျော်ဖြေနိုင်ခဲ့သူပဲဖြစ်ပါတယ်။ ညီဖြစ်သူ မင်းသွေးကို လည်း အနုပညာ လောကထဲကို လက်တွဲခေါ်ယူခဲ့တဲ့ စံပြအတုယူထိုက်တဲ့ အကိုကောင်း တစ်ဦးပီသသူလည်း ဖြစ်ပါတယ်။ အမြဲတမ်း ခန့်နေ သန့်နေ လန်းနေတဲ့ မင်းသားချောနေတိုး ရဲ့ ပြင်ဦးလွင်ကိုသွားနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပြီနော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။