နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးသောင်းတစ်ယောက် ရန်ကုန်တက္ကသိုလ်မှာ သူမရဲ့ သူငယ်ချင်းဖြစ်သူနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မှတ်တမ်းတင်ထားပါတယ် ပရိတ်သတ်ကြီးရေ။ သူမဟာ အသက်သုံးဆယ်ကျော်အရွယ်ရောက်ကာမှ အနုပညာလော ကထဲကိုတကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီး ပရိတ်သတ်တွေကလည်း တခဲနက်အားပေး မှုတွေနဲ့ အပြည့်အဝကြိုဆိုခဲ့ကြပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတစ်ခုကိုပိုင်ဆိုင် ထားတဲ့သူမဟာ ဇာတ်ကားတွေလည်း ပြန်လည် ရိုက်ကူးနေပြီဖြစ်ပြီး မြန်မာဆန်တဲ့ပုံရိပ်လေး တွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို ပြန်လည်ငြို့ငင် ယူဆောင်လိုက်ပါတယ်။

သူမ ငယ်ရွယ်စဉ်က အမဖြစ်သူ နှင်းဝတ်ရည်သောင်းနဲ့အတူ ညီမနှစ်ယောက် အနုပညာ လောကထဲကို အတူတူဝင်ရောက်ခဲ့ပြီး ကြိုးစားခဲ့ကြသူတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အမဖြစ်သူက အင်္ဂလန်နိုင်ငံမှာ ရုံးလုပ်ငန်းတစ်ခုကိုု အချေခြလုပ်ကိုင်နေပြီဖြစ်ပြီး အဆင်ပြေတဲ့ ဘဝတစ်ခုကို သာယာစွာဖြတ်သန်းနေပြီဖြစ်ပါတယ်။ မအေးသောင်းတစ် ယောက်ကတော့ ကိုယ်ဝါသနာပါရာ အနုပညာလောထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိတ် သတ်တွေအတွက် ပေးဆပ်ခဲ့ပါတယ်။ သူမရဲ့ မြန်မာဆန်တဲ့လှပမှုတွေနဲ့ ရင့်ကျက်တဲ့ အနေအထားတစ်ခုကြောင့် မအေးသောင်းရယ်လို့ ပရိတ်သတ်တွေက အားပေးဝန်းရံခဲ့ကြတာ ပဲဖြစ်ပါတယ်။

ယနေ့မှာတော့ သူမရဲ့ Facebook မှာ အားလပ်ရက်လေး သူငယ်ချင်းနဲ့ ရန်ကုန် တက္ကသိုလ်သို့ အလည်တစ်ခေါက် နှစ်ခေါက် သုံးလေးခေါက် ဆိုပြီး တင်ထားတာဖြစ်ပါ တယ်။ ပါတိတ်ဝမ်းဆက်လေး နဲ့ တကယ်ကိုနန်းဆန်ပြီး လှပနေတဲ့ မအေးသောင်းရဲ့ပုံရိပ် တွေက မြင်သူတိုင်းရဲ့ရင်ကို အေးချမ်းစေပါ တယ်။ ကျက်သရေရှိတဲ့ အလှမျိုးကိုပိုင်ဆိုင် ထားတဲ့ မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ရင်ခုန်ချင်စဖွယ် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။