နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုရတီစိုးက သူမ ဘန်ကောက်မြို့မှာ Night Out လျှောက်လည်ခဲ့စဉ်က ချစ်စဖွယ်ပုံရိပ်လေးတွေကို Facebook မှာ တင်ထား တာပဲ ဖြစ်ပါတယ်။ အသံချိုချိုလေးအပြင် ချစ်စဖွယ်ရုပ်ရည်လေးနဲ့ပါ ပရိတ်သတ်တွေကို သူမ က ဆွဲဆောင်ထားပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက သီချင်းခွေထွက်ရှိထားပြီး အားပေးသူပရိတ်သတ်အများအပြားနဲ့ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူမ နောက်ဆုံးထွက်ရှိထားတဲ့ “ ရူးအောင် ချစ်ရသူ ” သီချင်းဟာလည်း ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။

ဒီသီချင်းလေးရဲ့ MTV ကို ပုဂံရှေးဟောင်းမြို့တော်မှာ သူမရဲ့ချစ်သူ အဆိုတော် G-Fatt နဲ့အတူ ချစ်စဖွယ်ပုံစံလေးဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူမတို့ချစ်သူနှစ်ဦး ကြားက ရိုဆန်တဲ့ အချစ်စာလွှာလေးတွေကတော့ ပရိတ်သတ်တွေအတွက် တကယ့်ကို အကြွေဇယားတစ်ခုပါပဲ။ သူမ ပြည်ပကို ခရီးသွားနေစဉ်မှာ သူမရဲ့ချစ်သူ အဆိုတော် G-Fatt က သူမကိုချစ်တဲ့အကြောင်းတွေကို တဖွဲ့တနွဲ့သီကုံးထားတာပဲဖြစ်ပါတယ်။ နန်းစုအပြင် စာကို ဖတ်ရတဲ့သူတွေပါ ကြွေသွားလောက်တဲ့ အရေးအသားတွေမို့ တေးရေးဆရာပီသပါပေတယ်။

အနုပညာလောကထဲမှာ အချိန်ကြာကြာ အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ နန်းစုရတီစိုး ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် လျော့မသွားပဲ ပိုပိုပြီးတိုးလာတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထား တဲ့ သူမရဲ့ စွဲမက်ဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nan Su Yati Soe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။