နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီထွန်းထွန်းဟာ နှင်းဆီအဖွဲ့ ဝင်တစ်ဦး လည်းဖြစ်ပါတယ်။ 90 Born တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့တဲ့ Example အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းကိုသံစဉ်တွေနဲ့ သိပ်မတွေ့ ရတော့ပဲ သရုပ်ဆောင်ပိုင်းမှာ အများအပြားတွေ့လာရပါတယ်။ အမိုက်စားသရုပ်ဆောင် ချက်တွေနဲ့ ပရိတ်သတ်တွေကို အပြည့်အ၀ ဆွဲဆောင်ခဲ့သူတစ်ဦးပါပဲ။ Rapper တစ်ယောက် အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက် ခဲ့ပြီး လက်ရှိမှာတော့ အကယ်ဒမီ မင်းသားချောတစ်ဦးဖြစ်လို့နေပါပြီ။

နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ရဲလေး၊ ထွန်းထွန်း ငါးယောက်ဖွဲ့စည်းထားတဲ့ နှင်းဆီ လူရွှင်တော်အဖွဲ့ဟာ ပရိတ်သတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးပြီး မင်းသမီး မိုးပြည့်ပြည့် မောင်၊ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ တို့က နှင်းဆီသဘင်အငြိမ့်အတွက် ပါဝင်ဖျော်ဖြေတင်ဆက် ကြမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကို ပျက်လုံးအသစ်တွေနဲ့ ဘယ်လိုတွေ ရယ်မောပျော် ရွှင်ရအောင် ဖန်တီးပေးမလည်းဆိုတာ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။

နှင်းဆီအငြိမ့်မကခင်မှတ်တမ်းဆိုပြီး ထွန်းထွန်းက နှင်းဆီအဖွဲ့သားတွေနဲ့အတူ ချစ်စဖွယ် Selfie လေးတွေ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီတစ်ခေါက် နှင်းဆီအငြိမ့်ရဲ့နာမည်က “ တော်ဝင်နှစ်သစ် နှင်းဆီ ” လို့အမည်ပေးထားပါတယ်။ နာမည်ကျော်မင်းသားတွေနဲ့ပေါင်း စပ်ဖွဲ့စည်းထားတဲ့ ဒီနှင်းဆီ သဘင်ကတော့ ပရိတ်သတ်တွေကိုအမြဲလိုလို ရယ်မောစေခဲ့ပြီး ဒီတစ်ခေါက်မှာလည်း ဘယ်လိုတွေ ဟာသရသမြောက်စေမလည်းဆိုတာ ရင်ခုန်ရင်းစောင့် မျှော်လိုက်ကြစို့နော်။

Photo – Htin Aung Tun’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။