တစ်ဦးကမေတ္တာ တစ်ဦးကစေတနာဆိုတဲ့စကားဟာ မြန်မာလူမျိုးတွေကြားမှာ အမြဲကြား နေကျ စကားစုလေးတစ်ရပ်ပါပဲ။ ပြည်သူချစ်အနုပညာရှင်တွေဟာလည်း ပရိတ်သတ်တွေ ကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ပြန်လည်သက်ရောက်စေတတ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ဟာ သူမရဲ့ပရိတ်သတ်တွေအတွက် မကြာခင်နာရီပိုင်းအတွင်းမှာ ရောက်လာတော့မယ့် 2018 ခုနှစ်အတွက် နှစ်သစ် ဆုတောင်းလေးကို သူမရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

သူမဟာ သရုပ်ဆောင်ပြေတီဦးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကိုဖန်တီးထားပြီး ချစ်စဖွယ် သမီးနဲ့သားကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ ပရိတ်သတ်ချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုကိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ခဲ့သူ တစ်ဦးပါပဲ။ သူမခင်ပွန်းနဲ့အတူ ရိုက်ကူးခဲ့တဲ့ “ ရင်ဘတ်ထဲကဓား ” ဇာတ်ကားဟာလည်း ပရိတ်သတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တဲ့ အိမ်ထောင် ရေးအသိပညာလေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

သူမရဲ့ Facebook မှာ ပရိတ်သတ်တွေအတွက် ချစ်ရသောသူများအားလုံး Happy New Yearပါ. 2018 ကနေစလို့ လှပတဲ့ အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပိုင်ဆိုင်နိုင်ကြပါစေ. ကံကောင်း ခြင်းတွေနဲ့အတူ အရာရာကိုအောင်မြင်စွာကျာ်လွှားနိုင်ကြပါစေ. စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြီးပြည့်စုံ ကြပါစေလို့ ရင်ထဲကဆန္ဒပြုပါတယ်နော် ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ မင်္ဂလာရှိတဲ့ဆုတောင်း စကားလေးပါပဲ။ မင်းသမီးလေးအူဝဲအတွက်လည်း ပရိတ် သတ်ကြီးက နှစ်သစ်ဆုတောင်းလေး ပြန်လည်ပြောပေးခဲ့ပါဦးလို့။

Photo – Eaindra Kyaw Zin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။