ညအိပ်ခါနီတိုင်း ခြေထောက်ကို ရေဆေးအိပ်ဖို့ လူကြီးတွေပြောစကားအမြဲကြားယောင်မိတယ်။ မေ့မေ့နဲ့ ခြေမဆေးဖြစ်တဲ့ ရက်တွေအများသား။ ဒါပေမဲ့ အိပ်ခါနီတိုင်း ခြေဆေးအိပ်တာက ကျန်းမာရေးကောင်းကျိုး ကိုများစွာအထောက်အကူပေးနေပါတယ်။ မိတ်ဆွေတို့တွေ မနက်မိုးလင်းတာနဲ့ လှုပ်ရှားသွားလာနေရတဲ့ အခါ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ အပူချိန်တွေ ခိုအောင်းနေတတ်ပါတယ်။ အဲဒီမှာ ပူစပ်တဲ့အစားစားတွေ အရက်တို့၊ဘီယာစတဲ့ ကိုယ်ခန္ဓာကုုိယ်ကို ဘေးဖြစ်စေတဲ့အရာတွေကြောင့်လည်း အပူတွေစုနေတတ်ပါ တယ်။ ဒါကြောင့်တစ်နေကုန်အောင်းနေတဲ့အပူတွေကို ခြေထောက်လေးရေဆေးချလိုက်ရုံနဲ့ ယူပစ်သလို အပူတွေထွက်သွားစေမှာပါ၊ အရမ်းရိုးလွန်းတဲ့ လုပ်ဆောင်ချက်တစ်ခုဆိုလည်း မမှားပါဘူး မိတ်ဆွေတို့ရယ်။ တစ်ချို့သောလူတွေက ညအိပ်တဲ့အခါ ဟောက်တတ်ကြပါတယ်။ ကိုယ်တွင်းအပူများခြင်းကြောင့်လည်းဖြစ် နိုင်သလို လေဝင်တဲ့လမ်းကြောင်းတွေ ပိတ်နေခြင်းကြောင့်လည်း ဟောက်နိုင်ပါတယ်။ ဒီပြသာနာတွေ ဖြေရှင်းဖို့ ညအိပ်ရာဝင်တိုင်းခြေထောက်ရေဆေးပေးခြင်းက ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာကိုက်ခြင်း၊ သားရည်ကျခြင်း တို့ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်တစ်ခုက အိပ်နေစဉ် အိမ်မက်လိုလို ဘာလိုလိုဖြစ်နေခြငး်က သွေးလည်းပတ်စီးဆင်းမှုနဲ့သက်ဆိုင် နေတဲ့အတွက် ခြေထောက်ဆေးလိုက်ခြင်းဖြင့် အပူတွေထွက်စေကာ သွေးလည်းပတ်မှုကောင်းသွားစေနိုင် ပါတယ်။ အိပ်ရေးဝအောင်အိပ်စေနိုင်ပါတယ်။အိမ်မက်ဆိုးတွေလည်း မမက်တော့ပါဘူး။ တစ်ချို့သောလူ တွေဆိုရင် ကြွက်တက်ခြင်းကို ရံဖန်ရံခါခံစားရတတ်ပါတယ်။ 

ဆေးပညာအရ အပူကြောင့်ဖြစ်တဲ့ကြွက်သား တွေဟာ မတည်မငြိမ်းဖြစ်ပြီး ကြွက်တက်ခြင်းဝေဒနာကို ခံစားလည်းရှိပါတယ် ။ ဒီလိုဝေဒနာတွေကိုလည်း ခြေထောက်ဆေးပေးခြင်း ကလည်းသက်သာပျေက်ကင်း စေပါတယ်ရှင့်။ ကိုယ်အတွင်းကအပူအေးကိုမျှတ အောင်လညး်ဆောင်ရွက်ပေးပါတယ်။ နောက်တစ်ခုကတော့ ကိုယ်တွင်းမှာအပူများခြင်းကြောင့် သွားဖုံး ယောင်ခြင်း၊ သွားကိုက်ခြင်း ၊သွားနာခြင်းတို့ဖြစ်ပွာစေပါတယ်။ ကို်ယ်တွင်းအပူများ ခြင်းကြောင့် ဆံပင်တွေ ကျွတ်နိုင်ပါတယ်။ ထိပ်ပြောင်ခြင်းတို့ဖြစ်ပေါ်စေါတယ်။ ဆံပင်ဖြူခြင်းပြသာနာတွေကိုလည်း လျော့နည်း စေပါတယ်ရှင့်။ အသားအရွယ်တွေခမ််းခြောက်နိုင်ပါတယ်။ မျက်လုံးကို မှုဝါးစေပါတယ်။ ဦးရည်ပြားတွေ ခြောက်သွေ့ပြီး ဗောက်ယာယံခြင်းတွေ ဖြစ်စေပါတယ်။

ဒါကြောင့်ညအိ်ပ်ခါနီးတိုင်း ခြေထောက်ရေဆေးအိပ်ခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးကိုများစွား ရရှိ စေနိုင်ပါတယ်။စာဖတ်သူတွေအနေနဲ့ ခြေထောက်ရေဆေးဖို့မေ့မလျော့ဖို့မှာ ကြားလိုပါတယ်။အားလုံးကျန်း မာပျော်ရွင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။