နေအိမ်ပေါ်ထိတက်ပြီး အဓမ္မကျင့်ပြုသည့် သင်္ကန်းဝတ်တစ်ဦးကို ဖမ်းဆီး

မိဘများ တောင်ယာ သွားနေချိန်တွင် နေအိမ်၌ တစ်ဦးတည်း ကျန်ခဲ့သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သက်တော် (၃၆)နှစ်အရွယ် သင်္ကန်းဝတ်တစ်ဦးက နေအိမ် ပေါ်တက်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ နယ်အတွင်းရှိ အင်ကြင်းကုန်း ကျေးရွာနေ (၁၈)နှစ်အရွယ် မိန်း ကလေးတစ်ဦးသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့် က နေအိမ်တွင် တစ်ဦးတည်းရှိနေ စဉ် ကျေးရွာဘုန်းကြီးကျောင်းမှ ဦးပ ဉ္စင်း ရောက်ရှိလာရာ စတင် ဖြစ်ပွားခြင်းဖြစ်သည်။

အင်ကြင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော်(၃၆)နှစ် ၀ါတော်(၁၇)၀ါရှိ ဦးပ ဉ္စင်း သုဘောဂ၊ လူအမည် မောင်နိုင်သည် မိန်းကလေးအမည်ကိုခေါ်ကာ နေအိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးအား အိပ်ခန်းအတွင်းသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိ တစ်ဦးကဆိုသည်။

‘‘ကျွန်တော် ထင်တာက တော့ သိနေတဲ့သူတွေဖြစ်မှာပါ။ အမှုဖွင့်တာလည်း ကောင်မလေး ကပဲ ဖွင့်တာ။ အရင်က ကျူးလွန် ဖူးတဲ့ပုံစံမျိုးတော့မရှိဘူး။ အခု လောလောဆယ်တော့ ဘုန်းကြီး ကို မြို့နယ်သံဃနာယကက လူ ဝတ်လဲပေးပြီး မနေ့ကပဲ အမှုဖွင့် ဖမ်းထားတယ်’’ဟု ၎င်းက ဆို သည်။

မိန်းကလေးကို အော်ဟစ် အကူအညီတောင်း၍ မရအောင် ပြုလုပ်ကာ အဓမ္မပြုကျင့်ခဲ့ပြီး ပြစ်မှုကျူးလွန်ခံရသူ ညီမဖြစ်သူ အသက် (၁၁)နှစ်အရွယ် မိန်းက လေး ကျောင်းမှပြန်လာမှသာ နေ အိမ်မှ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိက ရှင်းပြသည်။

ယင်းသင်္ကန်းဝတ်ကို နိုဝင် ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက ထီးချိုင့်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

Source: 7days News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။