သားလေးကို နာမည်ပြောင်းပေးလိုက်တဲ့ မေမေ မယ်လိုဒီ

မြန်မာရုပ်ရှင်မင်းသမီးတွေထဲမှာ အသားအရည်ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက်အလှဆုံးမင်းသမီးလို့ ဆိုရလောက်အောင် လှသူလေးကတော့ အကယ်ဒမီ မယ်လိုဒီ ပဲဖြစ်ပါတယ်။ မယ်လိုဒီဟာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆု တစ်ဆု ရရှိထားသူဖြစ်ပါတယ်။ ယခုအချိန်မှာ သားလေးတစ်ယောက်မွေးထားပြီး သာယာချမ်းမွေ့ဖွယ် မိသားစုဘဝလေး ပိုင်ဆိုင်ထားပါပြီ။

ဝိတ်တွေတက်နေလို့ ဝိတ်ချပြီးမှ ကားတွေ ပြန်ရိုက်မယ်ဆိုတဲ့ မေမေမယ်လိုဒီက သူ့သားလေး Theo(ချစ်စနိုးနာမည်) ကို ဘုန်းပြည့်သာကောင်း ဆိုပြီး နာမည်ပေးထားပါတယ်။ ဒါပေမဲ့လည်း အခုတော့ သူမခင်ပွန်းရဲ့ မျိုးနွယ်ဖြစ်တဲ့ စစ်ကိုင်း ကိုကိုယ်စားပြုပြီး သိဒ္ဓိစစ် လို့နာမည်ပြောင်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

Source: Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။