ဂျပန်နိုင်ငံကလှူဒါန်းထားတဲ့ကားတွေ အသုံးမပြုလို့ သံချေးတွေတောင်ကိုက်နေပြီ

မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုဖို့ ဂျပန်နိုင်ငံက ကားစီးရေ ၂၀၀ ခန့်လှူဒါန်းထားတယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းထားတဲ့ကားတွေကို ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုခြင်းမရှိဘဲ ရန်ကုန်မြို့ တာမွေမြို့နယ် နား နှာခေါင်း လည်ချောင်း ဆေးရုံကြီး အနောက်ဖက် သစ်ပင်ခြုံပုတ်များကြား စွန့်ပစ်ပစ္စည်းများသဖွယ်ဖြစ်ကာ သံချေးတွေတောင် တက်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးဖို့ ပြည်သူတစ်ဦးက ဒီလိုတောင်းဆိုထားပါတယ်။

#အချိန်မှီဆောင်ရွက်ပေးကြပါ

ရန်ကုန်မြို့ တာမွေမြို့နယ်..ရှိ နားနှာခေါင်းလည်ချောင်းဆေးရုံကြီး

အနောက်ဖက်က သစ်ပင်ခြုံပုတ်များကြား

အသုံးမပြုပဲ စုပုံရပ်ထားသော ကားများ...

လွန်ခဲ့တဲ့ ၂.နှစ်လောက်ထဲက ကျမ္မာရေးဆိုင်ရာ အသုံးပြုရန်​ ဂျပန်နိုင်ငံ..မှ လှူဒါန်းပေးပို့ထားခြင်းဖြစ်ပြီး

ကားစီးရေ ၂၀၀.ခန့် ရှိတယ်..လို့ ကြားသိရပါတယ်။

အခုတော့ သံချေးတက်ရေညှိကပ်..ပြီး

ပျက်ဆီးစပြုနေပါပြီ

အနည်းဆုံးတော့..

နယ်မြို့များမှာ လိုအပ်နေတဲ့ လူနာတင်ကားအဖြစ် ပေးအပ်အသုံးချနိုင်ပါလျှက်

အကြောင်းမဲ့ ပစ်ချထားတာ ပြည်သူ..အတွက် နစ်နာလှပါတယ်။

သက်ဆိုင်ရာ..မှ လိုအပ်သလို စီမံခန့်ခွဲပြီး

ပြည်သူ့ကျမ္မာရေးစောင့်ရှောက်မှု့..အတွက်

အချိန်မီ အသုံးချပေးနိုင်ရန်

တင်ပြပေးလိုက်တာပါ။

Source: အရည်ကြို

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။