Bollywood ထိပ်တန်းမင်းသား ရှာရွတ်ခန်း၏သား Aryan Khan

Bollywood သရုပ်ဆောင်အကျော်အမော် ရှာရွတ်ခန်းကို ၁၉၆၅ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အိန္ဒိယ ရုပ်ရှင်လောက၏ မီးရှူးတန်ဆောင်သဖွယ် ဖြစ်နေသော ရှာရွတ်ခန်းသည် အချစ်၊ အလွမ်း၊ အကြမ်း၊အမြူး

ဇာတ်ရုပ်မျိုးစုံဖြင့် ဘောလီးဝုဒ်၏ လူကြိုက်အများဆုံး ဇာတ်ကားကြီး ၅ဝ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ပါသည်။ Happy New Year ၊ Don 2 ၊ Di Wale ၊ Ra. One နှင့် My Name is Kham ဇာတ်ကားများသည် မြန်မာပရိသတ်များ လူကြိုက်များသော ရှာရွတ်ခန်း၏ဇာတ်ကားများပင်ဖြစ်ပါသည်။ ရှာရွတ်ခန်းတွင် သားသမီးသုံးယောက်ရှိပြီး ၄င်း၏သားမှာ အနုပညာအလုပ်များပင် လုပ်ကိုင်နေပြီဖြစ်သည်။

Aryan Khan လို့ နာမည်ခေါ်တဲ့၄င်းဟာ အိန္ဒိယမှာ ရေပန်းအစားဆုံးဆယ်ကျော်သက်တွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး………

Aryan Khan ကို နိုဝင်ဘာ ၁၃ ရက် ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၁၉ နှစ်တောင်ရှိနေပါပြီ။ ဖခင်ဖြစ်သူ၏ အနုပညာအမွေကို ဆက်ခံထားသူဖြစ်ပြီး Kabhi Khushi Kabhie Gham နဲ့ The Incredibles ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ အနုပညာနဲ့ ပညာရေးကို တွဲလုပ်နေပြီး ဖခင်ဖြစ်သူနှင့် ပုံစံအမူအရာတွေ တူတာကြောင့် အနာဂတ်မှာ Bollywood အကျော်အမော်တစ်ယောက်ဖြစ်လာမယ်ဆိုပြီး အနုပညာရပ်ဝန်းမှ ဝေဖန်သုံးသပ်သံတွေလည်း ပေါ်ထွက်နေပါတယ်။ ကိုယ်ခန္ဓာအချိုးအဆစ်ပြေပြစ်ပြီး ခန့်ညားတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေကြားအထူးရေပန်းစားလျက်ရှိပါတယ်။

Source: Google

Translated by Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။