အကြောင်းအရာ။ ။အရွယ်မရောက်သေးသူ မိန်းကလေးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်ကိစ္စ တာဝန်ရှိ သူများ သိရှိစေရန်

ဒဂုမြို့သစ်တောင်ပိုင်း(၁၇)ရပ်ကွက် စိန်ပန်းမြိုင်လမ်း ရုံးရှေ့ ယာယီတဲစုနေ ဦးမြင့်နိုင် ဒေါ်တင်တင်ဦးတို့ သမီး မမိုးနှင်းအား ဗဟန်းမြို့နယ် ဆရာစံအရှေ့မြောက် သုခုမလမ်း အမှက်၅၅နေ ဖိုးဉာဏ်(ခ)ဉာဏ်လင်းထွန်းမှ အလိုမတူပဲ အဓမ္မပြုကျင့်မှု့အပေါ် အရေးယူဆောင်ရွက် ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။

ဖြစ်စဉ်မှာ မမိုးနှင်းအား ဆရာစံအရှေ့မြောက်သုခုမလမ်း အမှက်၅၅ တွင် အိမ်အကူသွားရောက် လုပ်ကိုင်ရန် စေလွှတ်ထားစဉ် မောင်ဖိုးဉာဏ်(ခ) ဉာဏ်လင်းထွန်းမှ အခွင့်ကောင်းယူ၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပါသည်။

ထိုသို့အဓမ္မပြုကျင့်မှု့အပေါ် ဖိုးဉာဏ်၏အမဖြစ်သူမှ သိရှိပြီး ခလေးအားဆေးပူများ တိုက်ကျွေးရာ ခလေးမှာ သွေးများဆင်းခဲ့သည်။ ခလေးအား သူ့မောင်မှာ လူမိုက် ဖြစ်ကြောင်း လူသတ်ရဲကြောင်း ခြိမ်းခြောက်ထားခဲ့သည်။ ခလေးမှသေချင်တယ်ဟု ခဏ ခဏပြောဆိုမှု့အပေါ် သေချင်ရင် ဒီဆေးသောက်ဟု ခြိမ်းခြောက်ပြီး ဆေးတိုက်ပါသည်။ ဌင်းအိမ်တွင် နေထိုင်သော ဒေါ်ဥမ္မာလွင်မှလည်းသေချင်ရင် တရုတ် ပြည် သွားမလားဟုပြောပါသည်။ ဖိုးဉာဏ်မှာ ခလေး ညအိပ်ရာဝင် ၁ဝနာရီနှင့် ၁၁နာရီခန့်တွင် ခလေးအိပ်ရာ သို့ ရောက်ရှိလာပြီး ၅ကြိမ်ထက်မနည်းစော်ကားပြီး ခလေးအားလူကြီးများအား ပြန်ပြောလျှင် သတ်ပစ်မည် ဟုခြိမ်းခြောက်ပြီး ဌင်းနောက်အိမ်မှစျေးသွားရန်ဆိုပြီး ထွက်ခဲ့ရန် နှင့် တည်းခိုခန်းသွားပြီး လိုချင်တာ ဝယ်ပေး မည်ဟုပြောပါသည်။ ခလေးမှာမလိုက်ရဲသဖြင့် မလိုက်ပါ။ ဌင်းဖြစ်စဉ်အား လိုအပ်သလို ကူညီဆောင်ရွက် ပေးပါရန် အကူအညီ တောင်းခံအပ်ပါသည်။

မှက်ချက်။ ။ဗဟန်းရဲစခန်းတွင်(1.11.2016)အမှု့ဖွင့်ပြီး

(မမိုးနှင်း၏မွေးသက္ကရာဇ်မှာ5.9.2004ခုနှစ်ဖြစ်သည်။)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။