Gigantopithecus

Gigantopithecus ဆိုတဲ့မျောက်ဝံကြီးတွေဟာ လူုဝံအကြီးစား မျိုးနွယ်တွေဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်(၃)သိန်းခန့်က ပျောက်ကွယ်သွားကြတာဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်ကတော့ ပေါင် ၆၀၀ကျော်ရှိပြီး အရပ် ၉ပေကျော်ရှိပါတယ်။

Purussaurus

ဒီမိကျောင်းအမျိုးအစားကတော့ ကတော့အလျား ပေ(၄၀)ကျော်ရှိပြီး ဦးခေါင်းခွံချည်းပဲ ၄ပေခန့်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈)သန်းလောက်တည်းက မျိုးသုန်းပျောက်ကွယ် သွားကြတာဖြစ်ပါတယ်။

Estemmenosuchus

အရှည်၁၀ပေကျော်ရှိပြီး အစုံစား သတ္တဝါတွေလည်းဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဦးချိုနှစ်ခုရှိပြီး သူ့ခေတ်သူ့အခါက အလွန်ကြီးမားတဲ့ အကောင်ကြီးတွေလည်းဖြစ်ပါတယ်။ အဆိုပါသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရုရှားမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်…

Smilodon

ကြောင်ကြီးမျိုးနွယ်တွေဖြစ်ပြီး ပုံမှန်ကျားတွေနဲ့မတူတဲ့အချက်က သူတို့ရဲ့ အစွယ်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ အရှေ့ဘက်အစွယ်နှစ်ချောင်းဟာ ရှည်လျားပြီး ကောက်ကွေးတဲ့ပုံစံ ရှိပါတယ်။ အရွယ်အစား ၆ပေခန့်ရှိပြီး အလွန်လျင်မြန်တဲ့ သတ္တဝါတွေလည်း ဖြစ်ပါတယ်။ 

Megalodon

ယခုခေတ်တွေ့မြင်နေရတဲ့ ငါးမန်းမျိုးတွေထက် အဆများစွာပိုကြီးမားတဲ့ အဖြူရောင် ငါးမန်းမျိုးစိတ်လည်းဖြစ်ပါတယ်။ သူတို့ရဲ့သွးတွေဟာ အလွန်ထက်မြက်ပြီး အရွယ်အစားကတော့ ပေ(၄၀)ကနေ (၅၅)ပေအထိရှိကြပါတယ်။

Source : သုတဇုန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။