လူတိုင်းဟာ တစ်ချိန်မဟုတတစ်ချိန် သေရမယ့် သူမျိုးတွေချည်းပါပဲ..တချို့ကတော့ ရောဂါဝေဒနာကြောင့် သေဆုံးရသလို တချို့ကတော့ လူ့ဘဝသက်တမ်းစေ့မနေရသေးခင်မှာပဲ ကိုယ့်ဘဝကို အဆုံးစီရင်တာတွေ စတဲ့အကြောင်းအမျိုးမျိုးနဲ့သေဆုံးသွားခဲဲ့ရတဲ့ လူတွေရှိပါတယ်။….ထိုကဲ့သို့ လူတွေမသေဆုံးခင်မှာ ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်….

ဇရာသေမင်းရဲ့ အလိုကျမသေဆုံးခင်မှာ ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ အဖိုးအိုတစ်ဦးရဲ့ ပုံပါ ။ ဒီအဖိုးအိုရဲ့ နာမည်ကတော့ Justus Belifield လို့ခေါ်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ စစ်မှုထမ်းခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ဦးဖြစ်ပါတယ်..သူ့အသက် (၉၈)နှစ်အရွယ်မှာပဲ ယူနီဖောင်းဝတ်ဆင်ရင်းနဲ့ သေဆုံးသွားခဲ့ပါတယ်။ 

၂၀၁၄ခုနှစ် ဂျုလိုင်လတုန်းက လေယာဉ်တစ်စင်းလုံး ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ MH – 17 ကို လူတိုင်းမှတ်မိကြအုန်းမှာပါ… ဒီပုံလေးကတော့ လေယာဉ်တစ်စီးလုံးမပျောက်ဆုံးခင် ရိုက်ကူးခဲ့တဲ့ သားအမိနှစ်ယောက်ရဲ့selfie ပဲဖြစ်ပါတယ် ။

ဒုတိယကမ္ဘာစစ်မီးကို ကမ္ဘာ့နိုင်ငံအနှံ့အပြား လောင်ကျွမ်းစေခဲ့တဲ့ နာဇီအာဏာရှင် ဂျာမန်ခေါင်းဆောင် ဟစ်တလာကတော့ သမိုင်းဆိုးနဲ့နာမည်ကျော်ကြားခဲ့ရသူတစ်ယောက်ပါ။ ဒီပုံမှာတော့ ဟစ်တလာ မိမိကိုယ်ကိုပစ်သတ်ပြီး သေကြောင်းမကြံခင် နောက်ဆုံးမှတ်တမ်းတင်ထားတဲ့ပုံလို့ ယူဆရတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ 

ရုရှား ဆယ်ကျော်သက် လူစွန့်စားတယောက် ပြုတ်မကျပြီး မသေဆုံးမှီ နောက်ဆုံးဓာတ်ပုံပါ။ဓာတ်ပုံရိုက်ပြိး စက္ကန့်ပိုင်းမှာပဲ လက်လွတ်ပြီး ပြုတ်ကျသေဆုံးခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျပြီး လူ့လောက ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ မိန်းကလေးတစ်ဦးရဲ့ ပုံပဲဖြစ်ပါတယ်။ Gabriela Hernandez လို့ခေါ်တဲ့အမျိုးသမီးတယောက် ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်မသေမှီ Facebook မှာ နောက်ဆုံးတင်ခဲ့တဲ့ ပိုစ့်တခုပါ။ 

Source : Hla Taw.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။