၃.၂.၂၀၁၈ ရက်နေ့မှ ၉.၁. ၂၀၁၈ အထိ ဆရာ စံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

ထူးခြားစွာ ကောင်းခြင်းကံ နဲ့ အပြောင်းအလဲတွေ ရှိမယ်။ ငွေရေးကြေးရေး ကံကောင်းမယ်။ လူမျိုးကွဲ အကျိုးပေးတယ်။ ပြောသမျှ လုပ်သမျှ အောင်မြင်မယ်။ ထွန်းပေါက်မယ်။ ရန်နဲ့ ယှဉ်ပြီး လုပ်ရမယ်။ ကံတက်ကိန်း ရှိတယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ မွေးသူများကြောင့် ကံကောင်းမယ်။ တနင်္ဂနွေ၊ တနင်္လာနေ့ မွေးသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၂၊ ရ၊ ၉

ယတြာ - မကြာခဏ သပြေညွှန့် ဘုရားတင်ပြီး အလိုဆန္ဒ ပြုပါ။ 

တနင်္လာနေ့မွေးသူများ

ငွေကြေးကံကောင်းမယ်။ အလိုဆန္ဒ ပြည့်မယ်။ မေတ္တာရေး ကံကောင်းမယ်။ စီးပွားရေးမှာလည်း ကောင်းမယ်။ အလိုဆန္ဒတွေကို ရှေ့တိုး လုပ်ကိုင်ဖို့ သင့်တော်တယ်။ ရန်အတိုက်အခံ အနည်းငယ် ရှိမယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်တတ်တယ်။ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများကြောင့် ထူးခြားတဲ့ ကံကောင်းမှုတွေ ရမယ်။ တနင်္ဂနွေ၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၈၊ ၉၊ ရ

ယတြာ - အိမ်မှာရှိတဲ့ ၀ါးတူ၊ ၀ါးယပ်တောင်း အဟောင်းတွေကို ရှာဖွေ စွန့်ပစ်လိုက်ပါ။ 

အင်္ဂါနေ့မွေးသူများ

ထူးခြားစွာ ကံမြင့်မားခြင်းနှင့် တိုးတက်ခြင်းတွေ ရမယ်။ စုပေါင်း လုပ်ငန်းတွေ အကျိုးပေးတယ်။ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူ ရမယ်။ မေတ္တာရေး ကံကောင်းခြင်း၊ အလိုပြည့်စုံခြင်းရဲ့ ကောင်းသော တိုးတက်မှု အပြောင်းအလဲတွေ ကြုံမယ်။ တိုးတက်ခြင်းတွေ ဆက်တိုက်ဖြစ်ထွန်းမယ်။ ရန်၊ အတိုက်အခံ အနည်းငယ် ရှိမယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများနှင့် လုပ်ငန်းအတူတူ လုပ်လျှင် အကျိုးပေး ကံကောင်းမယ်။ စနေ၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်တယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၆၊ ရ၊ ၉

ယတြာ - စံပယ်ပန်းပွင့် ခြောက်ပွင့်ကို ကြွေပန်းကန်ပြားထဲ ထည့်ပြီး အမြင့်တစ်နေရာမှာ တင်ထား၍ လိုရာ ဆုတောင်းပါ။  

ဗုဒ္ဓဟူးနေ့မွေးသူများ

အရေးပါတဲ့ အပြောင်းအလဲနှင့် တိုးတက်မှုတွေ ရှိမယ်။ အရာရာ ကောင်းသော အနေအထားကို ဦးတည်နေမယ်။ ချက်ခြင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်တဲ့ အကျိုးကျေးဇူး ရမယ်။ သူတစ်ပါးနဲ့ ကိုယ်နဲ့ ကြားမှာ ရှိတဲ့ ပြသနာလေးတွေ ပြေလည်မယ်။ ငွေကြေး အပေးအယူကိစ္စမှာ ဖြစ်တဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မယ်။ လက်တွေ့ အကောင်အထည်ဖော်ရတဲ့ ကိစ္စလေးတွေ ရှိမယ်။ ရင်းနှီးသူများနဲ့ နားလည်မှု လွဲနိုင်တယ်။ စကား များရတတ်တယ်။ ငွေရေးကြေးရေး ကံကောင်းမယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့ မွေးသူများက ကောင်းကျိုးပေးပြီး တနင်္လာ၊ ကြာသာပတေး မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ မီးခိုးရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း - ၂၊ ရ၊ ၉

ယတြာ - ကံကော်ရွက် ဆောင်ပြီး အလိုရှိရာ ဆောင်ရွက်ပါ။

ရာဟု မွေးသူများ

အရေးပါတဲ့ အပြောင်းအလဲနှင့် တိုးတက်မှုတွေ ရှိမယ်။ ချက်ခြင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်တဲ့ အကျိုးကျေးဇူး ရမယ်။ ငွေရေးကြေးရေးကံ၊ ဥစ္စာဓန တိုးတက်ကိန်း ကံ ကောင်းမယ်။ နေအိမ် ပြင်တာ၊ ပြောင်းတာ မျိုး ရှိနိုင်မယ်။ ပတ်ဝန်းကျင် အသစ်နဲ့ ဆက်ဆံရတတ်တယ်။ အတိုက်အခံ ပေါ်နိုင်တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့ မွေးသူများကြောင့် ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အဝါရောင်၊ အပြာရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၉

ယတြာ - သွားတိုက်ဆေးဗူး အဟောင်း ရှာဖွေစွန့်ပစ်လိုက်ပါ။ 

ကြာသာပတေးနေ့ မွေးသူများ

ရန်အတိုက်အခံ နဲ့ ယှဉ်ပြီး လုပ်ရမယ်။ သူများ ပြသနာ ကိုယ့် ပြသနာ ဖြစ်မယ်။ တစ်ပါးသူကြောင့် မိမိ ရည်ရွယ်ချက်တွေ နှောင့်နှေးသွားတတ်တယ်။ စက်ပစ္စည်းတွေကို သတိနဲ့ ကိုင်တွယ်ရမယ်။ ခက်ခဲပြီးမှ ကောင်းခြင်းဘက်ကို ရောက်မယ်။ အလွယ်တကူ မရတာမျိုး ဖြစ်တတ်တယ်။ စိတ်အနှောင့်အယှက် ဖြစ်မယ်။ ဦးတည်ချက် ပြောင်းလုပ်တာ အဆင်ပြေမယ်။ ငွေကြေးကံ ကောင်းတတ်တယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့ မွေးသူများကြောင့် ရည်ရွယ်ချက်များ ပျက်ယွင်း၊ နှောင့်နှေးတတ်တယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများကြောင့် ကံကောင်းတတ်တယ်။

ကံကောင်းစေသောအရောင် - အနီရောင်၊ အပြာရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၄၊ ၉၊ ရ

ယတြာ - အိမ်မှာရှိတဲ့ သတင်းစာ အဟောင်းတွေကို စွန့်ပစ်လိုက်ပါ။ ဖယ်ရှားပါ။  

သောကြာနေ့ မွေးသူများ

ထူးခြားတဲ့ အပြောင်းအလဲနဲ့ တိုးတက်မှုတွေ ရှိမယ်။ ထူခြားတဲ့ အပြောင်းအလဲများ ရမယ်။ စုပေါင်းလုပ်ငန်း အကျိုးပေးမယ်။ မိတ်ကောင်းဆွေကောင်း အထောက်အကူ ရမယ်။ အခက်အခဲ အားလုံး ကျော်လွှားနိုင်မယ်။ ကိုယ်ပိုင် လုပ်ငန်းနဲ့ ဆုံးဖြတ်ရတာမျိုး ကြံုမယ်။ ချက်ချင်း ဆုံးဖြတ်ရတာမျိုးတွေ အကျိုးပေးမယ်။ အကြွေးတောင်းလို့ ကောင်းတယ်။ ပြသနာနဲ့ ကြံုနိုင်တယ်။ အေးအေးဆေးဆေး ရင်ဆိုင်လိုက်ပါ။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္လာ၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ ပန်းရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၃၊ ၆၊ ၅

ယတြာ - ပန်းသုံးပွင့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။  

စနေနေ့မွေးသူများ

ပြသနာ တစ်မျိုးပြီး တစ်မျိုး ကြံုမယ်။ ငွေရေးကြေးရေး အကုန်အကျ များမယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ အခြားသူတစ်ဦး အတွက် တာဝန်ယူပေးခြင်း သတိထားပါ။ တစ်ပါးသူကြောင့် ရည်ရွယ်ချက် နှောင့်နှေးမယ်။ အထင်လွဲခံရတာ ဖြေရှင်းရမယ်။ မိတ်ဆွေကောင်း အကူအညီရမယ်။ အတိုက်အခံများမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။ သောကြာ၊ စနေ နေ့မွေးသူများနှင့် တွဲဖက် အလုပ်လုပ်လျှင် ကောင်းကျိုးများရမယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်

အကျိုးပေးဂဏန်း - ၅၊ ၆၊ ရ

ယတြာ - အိမ်မှာရှိနေတဲ့ တံမြက်စည်း အဟောင်းတစ်ခုကို ရှာဖွေ စွန့်ပစ်လိုက်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။