ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရှိသော M-150 အချိုရည်ပုလင်း

များနှင့်ပတ်သက်၍ စစ်ဆေးချက်အရ ပေါက်ကွဲစေတတ်သောပစ္စည်းများ

မဟုတ်ကြောင်းသိရှိရ

၂၉.၁၁.၂၀၁၆ ရက်နေ့ ၀၉၀၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ

လေဆိပ် Terminal (1)၊ ဂိတ်အမှတ်(၃)ဝင်ပေါက် ဘန်ကောက်အဲဝေး

ကောင်တာ အလယ်ဆင့်ပေါ်တွင် M-150 အချိုရည် ၄ လုံးအားအစိမ်းရောင်

ကြွပ်ကြပ်အိတ်ဖြင့်ထည့်လျက်တင်ထားသည်ကို ဘန်ကောက်အဲဝေး

လေကြောင်းလိုင်း လုံခြုံရေးဝန်ထမ်း ဦးပြည့်ဖြိုးဝင်းမှတွေ့ရှိခဲ့ပြီး ဆက်လက်

သတင်းပို့ခဲ့သဖြင့် လေဆိပ်တာဝန်ကျ အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာ

တပ်ရင်းမှ တပ်မှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့်အဖွဲ့က လေဆိပ်ရှေ့

မြက်ခင်းပြင်သို့ယူဆောင်ပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာ M-150 အချိုရည်

မဟုတ်ဘဲ အဝါရောင်ပျစ်ပျစ်အရည်များထည့်ထားသည်ကို စစ်ဆေးတွေ့ရှိရ

ကြောင်း၊ ၎င်းအချိုရည်ပုလင်းများအား အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာ

တပ်ရင်းမှ ဆက်လက်စစ်ဆေးပြီးနောက် အမျိုးအစားသိရှိနိုင်ရန်အတွက်

၁၂၁၅ အချိန်တွင် မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက လုံခြုံစွာချိတ်ပိတ်

ထုပ်ပိုး၍ ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးစေခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးချက်အရ အဆိုပါ M-150 အချိုရည်ပုလင်းအတွင်းထည့်ထားသော

အဝါရောင်အရည်များမှာ အဆီတစ်မျိုးနှင့်ဖော်စပ်ထားသော တိုင်းရင်းဆေး

ဟုယူဆရပြီး ပေါက်ကွဲစေတတ်သော ဓာတုပစ္စည်းများ ပါဝင်မှုမရှိကြောင်း

သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။