လတ်တလော လူမှုကွန်ယက်ပေါ်မှာ မြန်မာပြည်သူတွေ စိတ်ဝင်စားနေတဲ့ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရခြင်းနှင့် ပက်သတ်၍လည်း ထင်ကြေးတွေအမျိုးမျိုး ထွက်လျက်ရှိပါတယ်။ အဆိုပါ ထင်ကြေးတွေ ထဲမှာမှ ပြစ်မှု ကျူးလွန်သူများဟာ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပက်သက်နေတယ်လို့ လည်း ကောလဟာလ တွေထွက်ရှိလို့နေပါတယ်။ ဒီလို ထွက်ရှိလာတဲ့ ကောလဟာလတွေကို နေရွှေသွေးအောင်က သူနှင့်လုံးဝ မသက်ဆိုင််ကြောင်း သူ့ရဲ့လူမှုကွန်ယက်ကနေ တဆင့် ပြန်လည်ရှင်းပြထားပါတယ်။

“ပြစ်မှုကျူးလွန်သူများကို ကျနော့်သူငယ်ချင်းများလို့ရေးထားပါတယ်။ သူတို့နဲ့ကျနော်လုံးဝမသိပါ။

ရေးသားမှုကိုကြည့်ရင် လူသေဆုံးမှုအပေါ်ဝမ်းနည်းမှုနဲ့ အခြေခံလူတန်းစားများအပေါ် လုံခြုံရေးဝန်ဆောင်မှုအားနည်းတာကို အားမလိုအားမရဖြစ်တာကိုတွေ့ရပါတယ်။ ဒီခံစားချက်မျိုးက (အခြေခံလူတန်းစားသာမက) အလွှာအသီးသီးက လူမျိုးစုံလက်ရှိခံစားနေရတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။

လုံခြံုရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်း အချက်အလက်အစုံအလင်ရပြီမို့ အမြန်ဆုံးဆက်လက်အရေးယူသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ “ သူ့ရဲ့ လူမှုကွန်ယက်ကနေတဆင့် ပြန်လည် ရှင်းပြထားပါတယ်။။

သရုပ်ဆောင် အောင်ရဲထွေးဟာ New Year ညက Club မှာ အမည်မသိလူအုပ်စုမှ ခေါင်းကို သံဖိနပ်များဖြင့် ၀ို်င်းဝန်းအကန်ခံရရာမှ ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံမှာပဲ ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာမျာ ပြင်းထန်လွန်းလှသဖြင့် ထိုဒဏ်ရာများဖြင့်ပင် ဇန်နဝါရီ (၂)ရက်နေ့မွန်းလွဲပိုင်းမှာ ဆေးရုံတွင်ပင် ကွယ်လွန်သွားခဲ့ပါတယ်။ 

Source : Nay Shwe Thway Aung ( facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။