ငါးရဲ့ အမည်ကိုကြားရသည်ကပင် ကြောက်မက်ဖွယ်ပင်၊ယင်းတို့သည် အားပြင်းသော သားစားငါးမျိုးဖြစ်ပြီး ယင်းတို့ခန္ဓာကိုယ် တစ်ဝက်မျှရှိသော ငါးများကို အငမ်းမရအားရပါးရ စားနိုင်းကြပါတယ်။ဒီငါးတွေဟာ ၄ ပေခန့်မျှသာရှည်လျှားသော်လည်း အသားစားငါးတွေကိုတောင် စားနိုင်ကြပါတယ်။

အလွန်ကြမ်းတမ်းတဲ့ ၀မ်းဗို်က်နီ သားစားငါးတွေကိုယ်တောင် စားနိုင်တဲ့ငါးတွေဖြစ်ပါတယ်။ဒါကြောင့်လဲ ဒီငါးတွေအရမ်းကို ကြမ်းတမ်း သန်စွမ်းနေတာဖြစ်ပါတယ်။ဒီငါးတွေရဲ့ ကြမ်းကြုတ်လွန်းတာကို ကိုယ်စားပြုပြီး Vampire Fish ခေါ် သွေးစုတ်ငါး လို့ခေါ်ကြပါတယ်။ဒီငါးတွေရဲ့ အောက်မေးရိုးမှာ အစွယ်နှစ်ချောင်းဟာ ၆ လက်မ လောက်တောင်ရှိပါတယ်။

ဒီအစွယ်တွေကတော့ သူတို့အစာရှာဖွေရာမှာ သားကောင်းကို အစွယ်နဲ့တချက်ထဲထိုးပြီး အဆုံးသတ်ကြပါတယ်။၄င်းတို့ရဲ့ အပေါ်မေးရိုးပေါ်မှာ အပေါက်များရှိနေပြီး ဒီအပေါက်တွေဟာ ရန်သူနဲ့တိုက်ခိုက်ချိန်မှာတော့ သူတို့ခန္ဓာကိုယ်ထဲ ထိုးမသွင်းနိုင်အောင် ဟန်တားထားနိုင်သလိုဖြစ်ပါတယ်။

source - thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။