ရုံးပိတ်ရက်တွေ များတဲ့ အခုလို အချိန်မျိုးမှာ အိမ်မှာနေပြီး မုန့်လုပ်စားနိုင်ဖို့ ရွေးချယ်ကြတဲ့ အခါမှာ ကြက်သံပုရာ အကင်ကိုလည်း ရွေးချယ်လို့ ရပါတယ်။ ပြုလုပ်ရတာ လွယ်ကူပြီး အရသာ ရှိတာမို့ လူကြီးရော ကလေးပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီနည်းအတိုင်း ပြုလုပ်ပြီး ကိုယ်တိုင် စားဖို့ ဖြစ်ဖြစ်၊ ရောင်းဖို့ ဖြစ်ဖြစ် အရသာရှိတဲ့ ကြက်သံပုရာ အကင် ရတာမို့ အတူတူ လေ့လာကြည့်ရအောင်နော်။ 

လိုအပ်တဲ့ ပစ္စည်းများ

- ကြက်သား အသားချည်း(အရေခွံမပါ) နှစ်ဆယ်သား

- ကြက်သွန်ဖြူ

- ပင်စိမ်းရွက်အနည်းငယ်

- ငရုတ်ကောင်းမှုန့်

- သံပုရာသီးတစ်လုံး

- ဆားအနည်းငယ်

- သံလွင်ဆီ အနည်းငယ် တို့လိုအပ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ပထမဦးဆုံး ကြက်သားကို ရေဆေးပါ။

(၂) ပင်စိမ်းရွက်အနည်းကို နုတ်နုတ်စင်း၊ ကြက်သွန်ဖြူအနည်းကို ထောင်းထားပါ။

(၃) ပန်းကန်ထဲကို ကြက်သားထည့် သံပုရာရည်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ ပင်စိမ်းရွက်တို့နဲ့ သံလွင်ဆီ နှစ်ဇွန်းခန့် နယ်ပြီး နာရီဝက်ခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ (သို့မဟုတ်) အပြင်မှာ လုံအောင်ဖုံးပြီ နှပ်ထားပါ။

(၄) နှပ်ပြီးတာနဲ့ အကင်စက်နဲ့ပဲဖြစ်ဖြစ်၊ မီးသွေးမီးဖိုနဲ့ပဲဖြစ်ဖြစ် မိနစ်နှစ်ဆယ်ခန့် ကင်ပါ။

အခုဆိုရင်တော့ အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ ကြက်သံပုရာ အကင်ရပါပြီ။ အခုလို ရုံးပိတ်ရက်မှာ အားလုံးပဲ အရသာ ရှိရှိ သုံးဆောင်နိုင်ကြပါစေလို့

Source: Excellent Foods Corner  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။