ဘဝမှာငွေထက်အရေးကြီးတာတွေအများကြီးရှိပါတယ်..တစ်ခါတစ်လေ ငွေနောက်လိုက်ရင်းနဲ့ မိမိတန်ဖိုးရမယ့်သူတွေကို အချိန်မပေးနိုင်တဲ့အခါကျရင် တစ်ချိန်မှာ နောင်တရသွားတတ်ပါတယ်..

အသက်ရှင်နေရတဲ့ သက်တမ်းတစ်လျှောက်မှာ အမြဲတမ်းတော့အဆင်မပြေနိုင်ပါဘူး..ကျရှုံးမှုတွေ၊အဆင်မပြေမှုတွေလဲ ကြုံရတတ်ပါတယ်..ဒါတွေကို လက်မြှောက်အရှုံးပေးမယ့်အစား အခက်အခဲတွေကြားကနေ ရုန်းထတတ်အောင် ပြင်ဆင်ထားပါ..

မြန်မာ စကားပုံတောင်ရှိပါသေးတယ် "သက်ကြီးစကား သက်ငယ်ကြားတဲ့ "..သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက်တော့ သင်ယူလေ့လာလို့မကုန်နိုင်တဲ့ စာကြည့်တိုက်ကြီး တစ်ခုလိုပါပဲ..

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ခြင်းဟာလည်း ဘဝတိုးတက်ရေးကို အထောက်အကူပြုပါတယ်..မှတ်တိုင်တစ်ခုမှာ စောင့်နေရတာခြင်းအတူတူ ကိုယ့်အတွက် အကျိုးရှိတာကို ပြုလုပ်ခြင်းဖြင့် ဘဝကိုတန်ဖိုးရှိစွာဖြတ်သန်းနိုင်ပါစေ ပရိသတ်ကြီးရေ...

Source: bahuthutaaphyarphyar(Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။