ပုရွက်ဆိတ်တွေက အုပ်စုဖွဲ့ နေထိုင်ကြပြီး အနံ့ခံ အင်မတန်ကောင်းတဲ့ တိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ အေးတဲ့ အချိန်တွေမှာ အမိုးအကာအောက်မှ နေထိုင်ခိုလှုံပြီး ရေနဲ့အစာတို့ကို အသိုက်အမြုံတခုလုံးအတွက် အတူတူ အစာ ရှာဖွေ စုဆောင်းလေ့ ရှိကြပါတယ်။ အိမ်မှာရှိတဲ့ အစားအစာများနဲ့ စိုက်ခင်းတွေ အတွက်တော့ ပုရွက်ဆိတ်တွေက ပြသနာရှိစေပါတယ်။ အစားအသောက်တွေမှာ သူတို့တွေ အများကြီး ရောက်နေခြင်းကလည်း စိတ်အနှောင့်အယှက် ဖြစ်စေပတယ်။ တစ်ချို့တွေက ပုရွက်ဆိတ် နှိမ်နင်းနိုင်မဲ့ ဓာတုဆေးဝါး၊ ပိုးသတ်ဆေးတွေနဲ့ ဓါတ်မတည့်တာကြောင့် အိမ်သုံးပစ္စည်းတွေကို အသုံးပြုပြီး ပုရွက်ဆိတ်တွေရဲ့ ရန်မှ အလွယ်တကူ ကာကွယ်နိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ရှာလကာရည်နှင့် ရေ အနည်းငယ် တို့ကို ဆတူ ဖျော်စပ်ပြီး ပုရွက်ဆိတ် လာရာ လမ်းတစ်လျှောက်ကို ဖျန်းပေးနိုင်ပါတယ်။ ထိုဆေးရည်တွင် ပရုပ်လုံး သို့မဟုတ် လက်ဖက်ဆီ ဟင်းစားတဇွန်းလောက် ထည့်ဖျန်းပေးလိုက်ရင် ပိုပြီး ထိရောက်ပါတယ်။ ဒီ့ထက် ပိုကောင်းချင်တယ် ဆိုရင်တော့ ရေတစ်လီတာထဲကို ဆပ်ပြာမှုန့် တစ်ဇွန်း ထည့်ဖျန်းမယ်ဆို ပုရွက်ဆိတ်တွေအတွက် ပိုပြီး အဟန့်အတား ဖြစ်နိုင်ပါတယ်။ 

ပုရွက်ဆိတ် မလာအောင် ကာကွယ်နိုင်မဲ့ နောက်ထပ် နည်းတစ်မျိုးကတော့ ပုရွက်ဆိတ်တွေ လာနေကျ လမ်းကြောင်းမှာ (သို့မဟုတ်) မလာစေချင်တဲ့ နေရာတွေမှာ သစ်ဂျပိုးအမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ကော်ဖီမှုန့်၊ ယူကလစ်ဆီ၊ လက်ဖက်ဆီ စတာတွေကို ရောမွှေ၍ အမှုန့်ဖြစ်အောင် ဖန်တီးပြီး ဆေးမှုန့်လေးတွေ ဖြူးထားပေးလိုက်ရင် ပုရွက်ဆိတ်တွေ မလာနိုင်အောင် ကာကွယ်ပေးပါလိမ့်မယ်။

ဒီနည်းလေးတွေ သိပြီဆိုရင်တော့ ပုရွက်ဆိတ်တွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရတော့ဘူးပေါ့နော်။

အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Wiki how

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။