ကျိန်စာဆိုတာ တစ်စုံတစ်ယောက်ကို မကျေနပ်၍ ကျိန်ဆဲခြင်းဖြစ်စေ ၊ ဘေးအန္တရာယ်တစ်ခုခုကျရောက်ပါစေလို့တိုင်တည်တာပဲဖြစ်စေ၊ မိမိအလှူကို ဖျက်စီးခြင်းမပြုစေ၇န် အဟန့်အတားအနေဖြင့် ကျိန်စာများဆိုခဲ့ကြပါတယ်။ဒီတစ်ခါဖော်ပြပေးမှာတော့ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ ထိတ်လန့်ဖွယ်ကျိန်စာတွေအကြောင်းပဲဖြစ်ပါတယ်။ 

ပထမဦးဆုံးဖော်ပြပေးချင်တာကတော့ အီဂျစ်ဘုရင် တူတန်ခမန်ရဲ့ ကျိန်စာအကြောင်းပဲဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ပြီး အချိန်တုန်းက ဗြိတိသျှရှေးဟောင်း သုတေသနအဖွဲ့ဟာ ဘုရင်လေး တူတန်ခမန်ရဲ့ ဂူသချႋုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမံမီရုပ်အလောင်းအား လန်ဒန်ပြတိုက်သို့ သယ်ယူလာခဲ့ပါတယ်။ ထိုသို့မသယ်ယူခင် ဘုရင် တူတန်ခမန်၏ အခေါင်းပေါ်မှာ “ ထာဝရလောကကြီးဠ် ငြိမ်းချမ်းစွာ လဲလျောင်း အိပ်စက်နေသော ငါဘုရင်အား နှောင့်ယှက်သူတိုင်း မြေ၊ရေ၊လေ၊မီး တို့၏အန္တရာယ်ကျရောက်၍ အသေဆိုးနှင့်သေစေသောဝ်” လို့အဓိပ္ပါယ်ရသည့် ကျိန်စာကိုရေးထိုးထားခဲ့ပါတယ်။

တိုက်ဆိုင်စွာပင် ဘုရင်လေးတူတန်ခမန်၏ မံမီရုပ်အလောင်းကို ရှာဖွေတွေ့၇ှိခဲ့သည့် ပညာရှင်လေးဦးမှာ ထူးဆန်းစွာပင် ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားခဲ့ရပါတယ်။ ပညာရှင်တစ်ဦးမှာ ဘီယာဆိုင်တွင် ဘီယာမော့သောက်ရာမှ ဘီယာတွေဟာ နှာခေါင်းအတွင်းသို့ဝင်ပြီး အသက်ရှုရပ်သေဆုံးခဲ့ပါတယ်။ နောက်တစ်ဦးကတော့ ဆေးတံကို မီးညှိရာမှ မုတ်ဆိတ်မွှေးကိုမီးစွဲပြီး တစ်ကိုယ်လုံးမီးလောင်ကာ သေဆုံးခဲ့ပါတယ်။ နောက်တစ်ဦးမှာ မိမိ၏နေအိမ်အနောက်အတွင်းမှာ ရှိတဲ့ အမှိုက်ကျင်းအတွင်း အမှိုက်ပစ်ရာမှ အရှိန်လွန်ကာ ကျင်းထဲသို့ကျကာ မြေပိပြီးသေဆုံးသွားခဲ့ရပါတယ်။ နောက်ဆုံးတစ်ဦးဖြစ်တဲ့ အငယ်ဆုံးနဲ့ ကျန်းမာရေးအကောင်းဆုံးပညာရှင်ဟာလည်း လေဖြတ်ပြီးသေဆုံးသွားခဲ့ရပြန်ပါတယ်။ အထက်ပါအဖြစ်အပျက်များဟာ တစ်ကယ်ကျိန်စာမိခဲ့တာလား ?တိုက်ဆိုင်ခြင်းသက်သက်ပဲလားဆိုတာ ပရိသတ်ကြီးပြ စဉ်းစားဆုံးဖြတ်လိုက်ပါနော်။။ 

Source : ThuTaZone( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။