အမေရိကန်နိုင်ငံသားYouTube စတားလိုဂန်ပေါလ်ဟာ

ဂျပန်နိုင်ငံမှာသေကြောင်းကြံစည်တဲ့သူူတွေကိုလှောင်ပြောင်

တဲ့Videoတစ်ခုတင်ခဲ့မိတဲ့အတွက်ဝေဖန်ခံနေရပါတယ်။

အဆိုပါVideoကိုလိုဂန်ပေါလ်ဟာYoutubeပေါ်ကနေ

ပြန်ဖျက်ခဲ့ပြီးဂျပန်နိုင်ငံသားတွေကိုပြန်လည်တောင်းပန်

ခဲ့ပြီးသူ့လုပ်ရပ်အတွက်ရှက်မိတယ်လို့ဝန်ခံသွားပါတယ်။

အသက်နှစ်ဆယ့်နှစ်နှစစ်သာရှိသေးတဲ့လိုဂန်ဟာပျော်စရာ

ဗီဒီယိုတွေကိုYouTubeမှာတင်ရင်းနာမည်ကြီးလာသူ

တစ်ယောက်ပါ။သူ့မှာရဲ့YouTube Account မှာ

ဖော်လိုဝါဆယ့်ငါးသန်းကျော်ရှိပြီးအမေရိကန်လူငယ်

အသိုင်းအဝိုင်း မှာကျော်ကြားတဲ့ဆယ်လီတစ်ယာက်ပါ။

ပေါလ်ဟာသူငယ်ချင်းတွေနဲ့အတူဂျပန်နိုင်ငံဖူဂျီတောင်ခြေမှာ

ရှိတဲ့Sucide Forestလို့ဂျပန်လူမျိုးတွေခေါ်ကြတဲ့အိုကီဂါဟာရတောအုပ်မှာ

အပြောင်အပျက်ဗီဒီယိုတစ်ခုရိုက်ခဲ့ပါတယ်။ပေါလ်ရဲ့ဗီဒီယိုမှာ

သေကြောင်းကြံစည်တဲ့သူတွေကိုစော်ကားရာရောက်တဲ့

အပြောင်အပျက်စကားတွေပါဝင်ခဲ့ပါတယ်။ပေါ်လ်ရဲ့ဗီဒီယို

တက်လာပြီးနောက်ပိုင်းYouTubeမှာဝေဖန်မှုတွေပွက်လောရိုက်သွားပါတယ်။ဒါ့အပြင်သူ့ရဲ့VideoထဲမှာSucide Forest

ထဲမှာကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့လူတစ်ယောက်ကို

ဖော်ပြခဲ့ပါတယ်။တကယ်တော့လိုဂန်ဟာသေကြောင်း

ကြံစည်တဲ့အဆိုပါအမျိုးသားကိုမတော်တဆတွေ့ခဲ့တာပါ။

သူ့ရဲ့videoထဲမှာအဆိုပါအချင်းအရာကိုထည့်သွင်းဖော်

ပြခဲ့ပြီးလိုဂန်ပေါလ်Youtubeပေါ်မှာတင်ခဲ့ပါတယ်။

ဒီVideoနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအရမ်းမြင့်တက်

လာခဲ့တာကြောင့်တင်ပြီးပြီးချင်းနှစ်ဆယ်လေးနာရီ

အတွင်းပြန်ဖျက်ခဲ့ရပါတယ်။လိုဂန်ပေါလ်ဟာVideo

ကိုဖျက်ပြီးပြီးချင်းပဲပရိသတ်တွေကိုပြန်တောင်းပန်တဲ့

Videoတစ်ခုရိုက်ပြီးပြန်တင်ခဲ့ပါတယ်။ABC News

လိုသတင်းဌာနကြီးတွေကတော့Youtubeရဲ့videoတင်ခွင့်

ပေါ်လစီအပေါ်မေးခွန်းထုတ်နေကြပါတယ်။

Source-NYT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။