ဆန်ဖြူတွေနဲ့ မတူတဲ့ အချက်ကတော့ ဆန်လုံးညိုမှာ အပြင်ဘက်အလွှာ ရှိနေတာကြောင့် အာဟာရတန်ဖိုး အများအပြား ကပ်ငြိနေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၊ B1 ၊ B6 ၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ် နှင့် အမျှင်ဓာတ်များ အားလုံး ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် ဆန်လုံးညိုကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နာ့ဗ်ကြော ကျန်းမာစေပါတယ်

ဆန်လုံးညိုမှာ အထူးပါဝင်တဲ့ မဂ္ဂနိစ်ကြောင့် နာ့ဗ်ကြောများကို သန်စွမ်း ကျန်းမာစေပါတယ်။ ဆန်လုံးညို တစ်ခွက်စာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနိစ် ၈၈ရာခိုင်နှုန်း ပါဝင်တာကြောင့် နာ့ဗ်ကြော ကျန်းမာခြင်း၊ လိင်ဟော်မုန်း အထွက်တိုးခြင်းနှင့် ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အစွမ်းများစွာ ရှိနေပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်

ဆန်လုံးညိုကို စားတာက ဆန်ဖြူကို စားတာထက် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ ဆန်လုံးညို စားသုံးခြင်းက ကိုယ်အလေးချိန် တက်နိုင်ခြေ ၄၉ရာခိုင်နှုန်း လျော့ချပေးနိုင်ပါတယ်။

(၃) အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ဆန်လုံးညိုမှာ အမျှင်ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက အူမကြီးထဲမှာ ကျန်ရှိနေတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေကို ကာကွယ်တားဆီး ပေးတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းက သိသိသာသာ လျော့ကျမှု ရှိပါတယ်။ 

(၄) သည်းခြေ ကျောက်မတည်အောင် ကာကွယ်ပေးတယ်

ဆန်လုံးညိုမှာ ပါ၀င်တဲ့ အမျှင်ဓာတ်က သည်းခြေရည် စီးဆင်းမှု မတိုးအောင် ကာကွယ်ပေးတာကြောင့် သည်းခြေ ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) ပန်းနာရင်ကျပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်

ဆန်လုံးညို စားသုံးခြင်းက ပန်းနာရင်ကျပ်ရောဂါကို ၅၀ ရာခိုင်နှုန်းလျော့ချပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ပန်းနာ ရင်ကျပ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံအား စနစ်တွေကို ကောင်းမွန်စေပါတယ်

ဆန်လုံးညိုမှာပါတဲ့ ဆီလီနီယမ်ဟာ သိုင်းရွိုက်ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာ၊ ကိုယ်ခံ စွမ်းအား စနစ်နဲ့ အင်တီအောက်ဆီးဒင့် စတာတွေကို တိုးစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆီလီနီယမ် ရှိတာက ကင်ဆာ ကင်းဝေးစေပြီး နှလုံးရောဂါနှင့် အဆစ်ရောင် ရောဂါများ၏ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၇) ကိုလက်စထရောကို လျော့ကျစေပါတယ်

ဆန်လုံးညိုမှာ ပါဝင်တဲ့ အဆီဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဆန်လုံးညို အပါအဝင် ကောက်နှံ တစ်ခုလုံးစာကို တစ်ပတ်မှာ အနည်းဆုံး ခြောက်ကြိမ် စားသုံးသင့်ပါတယ်။

(၈) ကင်ဆာကို ကာကွယ်နိုင်ပါတယ်

ဆန်လုံးညိုမှာ ပါဝင်တဲ့ ဖိုင်တို နျူးထရီးရန့်ဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မှာ ပါတဲ့ ဖိုင်တိုနျူး ထရီးရန့်တွေထက် ကင်ဆာကို ဟန့်တားနိုင်စွမ်း ပိုများပါတယ်။ ဖိုင်တိုနျူး ထရီးရန့် တစ်မျိုးဖြစ်တဲ့ လစ်ဂနင်ဟာ နှလုံးရောဂါနဲ့ ရင်သား ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

(၉) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ဆန်လုံးညိုကို စားရင် မဂ္ဂနီဆီယမ် ပမာဏများများ ရရှိတာကြောင့် အမျိုးအစား (၂)ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနှင့် အင်ဆူလင်ထုတ်မှု အားကောင်းစေပါတယ်။ ဒ့ါကြောင့် တစ်ချို့ ဆီးချိုသမားများက ဆန်လုံးညိုကို စားသုံးကြပါတယ်။

(၁၀) အရိုးသန်စွမ်းမှုကို အထောက်အကူပေးပါတယ်။

ဆန်လုံးညိုမှာ ပါ၀င်တဲ့ မဂ္ဂနီဆီယမ်ဟာ အရိုး သန်စွမ်းရေး အတွက်လည်း အထောက်အကူပေးပါတယ်။

ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

သတင်းအရင်းအမြစ် - ကြယ်စင် (မြဝတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။