ပရိသတ်တွေကို ရုတ်တရက်အ့ံအားသင့်စေတဲ့ သတင်းတွေထဲမှာ အဆိုတော်စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာသတင်းစကားကလည်း ပျ့ံနှံ့နေပါတယ်။

နာမည်ကျော်မင်းသမီးစိုးမြတ်သူဇာတို့ရဲ့ ညီမလေးတစ်ယောက်ဖြစ်တဲ့ ဒီးဒီးကတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဆိုလည်းဟုတ်ပါတယ်။

အချစ်ရေးမှာ သိုသိုသိပ်သိပ်နေလာခဲ့တဲ့ ဒီဒီး တစ်ယောက် အခုလိုမျိုး ရုတ်တရက်မင်္ဂလာသတင်းဖွင့်ဟပြောလိုက်တဲ့အတွက် သူမရဲ့ အချစ်ရေးကို ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

ဒီးဒီး တို့ စုံတွဲဟာ လိုက်ဖက်ညီပြီးအရမ်းချစ်တဲ့ စုံတွဲလေးဆိုတာကို သူတို့ရဲ့ Prewedding ပုံလေးတွေကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။

သူမတို့ ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံလေးတွေကို လက်တလောမှာတော့ ပုဂံမှာ သွားရောက်ရိုက်ကူးထားတယ်လို့သိရပါတယ်။

စန္ဒီမြင့်လွင်တို့စုံတွဲလေးကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ မင်္ဂလာပုံရိပ်လေးတွေကို စောင့်မျှော်အားပေးလျက်ရှိပါတယ်။

စန္ဒီမြင့်လွင်ဟာ အနုပညာလောကမှာ အရင်ဆုံး သရုပ်ဆောင်ပိုင်းမှာ ၀င်ရောက်ခဲ့ပြီး အဆိုလိုင်းကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

သူမဟာ ဇာတ်ကားတော်တော်များများမှာ ပါ၀င်ရိုက်ကူးခဲ့ဖူးပြီး ရက်ပ်သီချင်းတွေအဆိုကောင်းလွန်းလို့ မိန်းကလေးပရိသတ်အများစုရဲ့ အားပေးမှုတွေရရှိနေတာပါ။

တစ်ကိုယ်တော်စီးရီးထွက်တိုင်း ပရိသတ်တွေကိုရင်ထဲထိစေတဲ့ သီချင်းကောင်းလေးတွေချန်ထားပေးနိုင်သူဖြစ်ပါတယ်။

မကြာခင်ချစ်ရတဲ့သူနဲ့ မင်္ဂလာပွဲလုပ်တော့မယ့်ဒီဒီး တို့စုံတွဲလေး ချစ်ဖို့ကောင်းတယ်နော် ပရိသတ်ကြီးရေ။. 

Source :Sandi Myint Lwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။