ပန်းဂေါ်ဖီကို စာရေးသူအနေနဲ့ တစ်ပတ်(၂) ရက်လောက်တော့ စားမိမယ်ထင်ပါတယ်။ ဘာရယ်မဟုတ်ပါ ဘူး။ ကြိုက်လို့လည်းမဟုတ်ပါဘူး ။စျေးထဲရောက်ရင် ဘာဟင်းဝယ်ရမလဲစဉ်းစားရင်းနဲ့ ပန်းဂေါ်ဖီပဲ ဝယ်မိနေပါတယ်။ ပန်းဂေါ်ဖီကို ကြက်ဥနဲ့ကျော်စားလည်း အဆင်ပြေတယ်။ ပြုတ်ပြီးတို့စားရင်လည်း အဆင်ပြေပါတယ်နော်။ ဒီအတိုင်းကျော်စားလည်းဟင်းတစ်ခွက်ဖြစ်တယ်။ ဒီအတိုင်း သုပ်စားမယ်ဆိုရင် တော့ ဆားနဲ့သေချာဆေးပြီးမှ သုပ်စားရင်အဆင်ပြေပါတယ်။ ဒါပေမဲ့ပန်းဂေါ်ဖီထဲပါတဲ့ ကျန်းမာရေး ကောင်းကျိုးတွေတော့ မသိရှိခဲ့ပါဘူး။ ခုတင်ပြပေးမဲ့ ကျန်းမာရေးအတွက် ပန်းဂေါ်ဖီက ဘယ်လောက်ထိ အစွမ်းထက်ပုံလေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ အိုမီဂါသရီးဖက်တီးအက်စစ် ၊ဗီတာမင်ကေ၊ တို့က နာတာရှည်ရောင်းရမ်းနာ၊ ကိုလျော့ကျစေပြီး အဆစ်အမြစ်တွေရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပေါကြွယ်ဝတဲ့ အတွက် အစာချေစနစ်ကို ပိုအထောက်ကူပေးပါတယ်။ အစာအိမ်မှာကပ်နေတဲ့ ဘက်တ်ီးရီးယားတွေ ကို မပျံပေါအောင်ကူညီပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်မှုပါဝင်မှုကြောင့် နှလုံးသွေကြောနှင့် ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ folate ကိုပန်းဂေါဖီကနေ ရရှိနိုင်တဲ့အတွက် သန္ဓေ သားကိုကျန်းမာစေဖို့ ပန်းဂေါဖီစားပေပါနော်။ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ပါ ရှိတဲ့အတွက် ဆာလောင်ခြင်းကို ဟန့်ထားနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဖော့စဖရိတ်၊ ကယ်လ်ဆီယမ်၊ ဆီလီနီယမ်တို့ပါရှိတဲ့အတွက် အရိုးတွေသန်မာစေပါတယ်။ ဆိုဒီယမ်ပါဝင်တဲ့ အတွက် လည်း အရည်ဓာတ်တွေကို ထိန်းညှိပေးပါတယ်။

ပန်းဂေါဖီစားပေးခြင်းဖြင့် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ ရောဂါမျိုးတွေဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပန်းဂေါဖီစားခြင်းကြောင့် နှလုံးရောဂါ ၊လေဖြတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ဓတ်တို်းပစ္စည်းတွေ ကြွယ် ဝစွာပါဝင်တဲ့အတွက် အိုးမင်းရင့်ရော်ခြင်းတွေကို တိုက်ထုတ်ပေးပါတယ်။ ပန်းဂေါဖီစားခြင်းအားဖြင့်လည်း အရွယ်တင်အလှတို်းစေပါတယ်နော်။ အားလု့ံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : ayethinmon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။