တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆောင်းဝတ်ရည်မေတစ်ယောက် “ စစ်ကိုမုန်း၍တိုက် ခဲ့သည် ” ဇာတ်ကားရိုက်ကူးခဲ့တဲ့ ရပ်စောက်မြို့ကို အခါအခွင့်သင့်ရင် လာချင်ပါသေးတယ်လို့ ဆိုပါတယ်။ သူမဟာ MRTV 4 က တင်ဆက်တဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိတ်သတ်တွေက သူမရဲ့ ချစ်စရာကောင်းတဲ့ရုပ်ရှည်လေးနဲ့ သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှု တွေကို သတိထားမိလာပြီး လက်ခံအားပေးလာကြတာပဲဖြစ်ပါတယ်။ သူမဟာ တက်သစ်စ တစ်ဦးဖြစ်ပေမယ့် သရုပ်ဆောင် အမူအရာပိုင်းမှာ ပြောစရာမလိုလောက်အောင်ကို ပြည့်စုံ နေတာကြောင့် သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေဟာ ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။

သူမလက်ရှိ နောက်ဆုံးရိုက်ကူးခဲ့တဲ့ “ အမုန်းမှသည် ” ဇာတ်လမ်းတွဲဟာလည်း ပြီးဆုံး သွားသည့်တိုင် ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတုန်းပါပဲ။ တကယ့်ကိုဆွဲဆောင်မှု ကောင်းကောင်းနဲ့ ပရိတ် သတ်တွေကို ဖျော်ဖြေသွားတဲ့ သူမရဲ့သရုပ်ဆောင်ပုံ အမူအရာ တွေက နှစ်သက်စရာကောင်းနေပါ တယ်။ သူမဟာ လက်ရှိမှာ အောင်မြင်တဲ့အနေ အထားတစ်ခုကိုရောက်ရှိနေတာဖြစ်ပြီး ဇာတ်ကားတွေလည်း အများအပြားရိုက်ကူးဖို့ရှိနေ ကြောင်းသိရပါတယ်။ ပရိတ်သတ်တွေကလည်း သူမကို တခဲနက်အားပေးကြတာကြောင့် တောက်မယ့်မီးခဲတရဲရဲဆိုသလိုပါပဲ။

သူကရိုက်ကူးခဲ့တဲ့ “ စစ်ကိုမုန်း၍ တိုက်ခဲ့သည် ” ဇာတ်ကားရိုက်ကူးရာ ရပ်စောက်မြို့ကြီးကို သူမရဲ့ Facebook မှာ နောက်ထပ်လဲ ရပ်စောက်မြို့ကြီးကို အခါခွင့်သင့်ရင် ထပ်လာချင်ပါ သေးတယ် ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ လှပပြီးဆွဲဆောင်မှုရှိတဲ့ သူမရဲ့ကြွေချင်စဖွယ် ပုံရိပ်လေးတွေနဲ့ တွဲဖက်ပြီး တင်ထားတာလည်းဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် အမြန်လေးတင်ဆက်ပေးလိုက်ပြီနော်။

Photo – Hsaung Wutyee May’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။