ညှိချောလေး နန်းခင်ဇေယျာတစ်ယောက်ကိုတော့ နှစ်သစ်မှာ စတိုင်အသစ်နဲ့မြင်တွေ့ရ အုံးမှာပါ။ ဆံပင်ကာလာဆန်းဆန်းလေးနဲ့သူမက ပန်းပွင့်ပန်းခတ်များပါတဲ့ ဂါဝန်လေးကိုတွဲ ဖက်ဝတ်ဆင်ထားပုံက လူငယ်ဆန်စွာ အမြင်တမျိုးနဲ့ ကြည့်ကောင်းနေပြန်ပါတယ်။ စကားသံဝဲဝဲလေးနဲ့သူမလေးက စကားပြောကောင်းသူတစ်ယောက်လဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ miss တစ်ယောက်အဖြစ် သူမကပထမဦးဆုံးအကြိမ် လမ်းပြနိုင်ခဲ့သူပါ။ လူသိများတဲ့ miss တစ်ယောက်အပြင် တီဗွီကြော်ငြာအစီအစဉ်များနဲ့ သရုပ်ဆောင် အပိုင်း တွေမှာလည်း သူမကို မြင်တွေ့ရတက်ပါတယ်။ Tour Guide တစ်ယောက် အဖြစ် လုပ်ကိုင်ခဲ့တဲ့သူမကို ယခုလက်ရှိမှာလည်း ခရီးသွားလုပ်ငန်းတွေမှာ တွေ့ရတက်ပါတယ်။

နှစ်သစ်အတွက် အချစ်ရေးကတော့ တစ်ယောက်တည်းပါလို့ဆိုပါတယ်။ အချစ်ကို ဘဝရဲ့Target တစ်ခုအဖြစ် မထားပေမယ့် ေ အးချမ်းတဲ့အိမ်ထောင်ရေးတစ်ခုရရှိဖို့ကိုတော့ အသက်အရွယ်ကို Target ထားတယ်လို့ဆိုပါတယ်။ အချစ်ရေးအတွက်ကတော့ အနုပညာ သမားမို့ သေချာစွာရွေးချယ်ဖို့ လိုတာပါလို့ ဆိုပါတယ်။ သူမက အချစ်ကြီးသူ တစ်ယောက် ဖြစ်ပြီး ထိရှလွယ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမစိုးရိမ်ပါတယ်လို့ဆိုပါတယ်။

Source – Nang Khin Zay Yar FB & Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။