ပရလောကဆိုတာကို သင်ယုံပါသလား။ သရဲရှိတယ်ဆိုတာကို သင်ယုံပါသလား။ လက်တွေ့ခေါ်ယူသက်သေမပြနိုင်ပေမယ့် ကမ္ဘာအရပ်ရပ်မှာတော့ အံဖွယ်အဖြစ်အပျက်တွေရှိနေတာကို သင်လက်ခံရမှာပါ။

အင်္ဂလန်နိုင်ငံ၊Aberdeenshire မှာရှိတဲ့ Crathes ရဲတိုက်ဟာ သရဲလိုလို၊ ၀ိညာဉ်လိုလိုအရာတွေ ခဏခဏမြင်တွေ့ရတယ်လို့ နာမည်ကြီးတဲ့ရဲတိုက်ဖြစ်ပါတယ်။ အသက် ၇၈နှစ်အရွယ်ရှိ Bill Andrew ဟာ သူ့မိသားစုနဲ့ အတူ ထိုရဲတိုက်ကို သွားရောက်လည်ပတ်ပြီး ရဲတိုက်ရှေ့ဓာတ်ပုံရိုက်တဲ့အခါ အဆိုပါပုံသဏ္ဍာန် ပါလာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ချိန်ကဘာကိုမှ သတိမပြုမိဘဲ ဓာတ်ပုံတွေကိုပြန်စစ်တဲ့အချိန်မှာတော့ အဆိုပါသဏ္ဍာန်ကို တွေ့ရှိခဲ့ပြီး သူ့ရဲ့ မြေးဖြစ်သူတွေဝါ ရဲတိုက်မှာနာမည်ကြီးနေတဲ့ သရဲ ဒါမှမဟုတ် တခြားထူးဆန်းတဲ့ အရာတစ်ခုဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Crathes ရဲတိုက်မှာ နာမည်ကြီးတာကတော့ မွေးကင်းစကလေးကိုချီထားတဲ့ပုံနဲ့ ပေါ်ပေါ်လာတတ်တဲ့ ၀ိညာဉ်တစ်ကောင်လို့ဆိုပါတယ်။ ဓာတ်ပုံထဲမှာလဲ ကလေးကိုချီထားတဲ့ပုံနဲ့တူနေပြီး နောက်တစ်ယောက်ကတော့ Lady Agnes လို့ခေါတဲ့ အမျိုးသမီးရဲ့ ၀ိညာဉ်ပြဲဖစ်ပါတယ်။ Lady Agnes ကိုတော့ သူမသေဆုံးသွားတဲ့ နှစ်ပတ်လည်မှာမှ အဆိုပါရဲတိုက်မှာတွေ့မြင်ရတတ်တယ်လို့ ဆိုပါတယ်။

Source : mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။