ဇန်နဝါရီ ၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ကျော်အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် တန်ဖိုး ကျပ်သိန်း ၁၂၀ လောက် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ ကြိုတင် သတင်းရရှိခဲ့တာကြောင့် မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတွေဟာ မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာ သချုႋင်းနား၊ ခါနန်ကျေးရွာကနေ ကာဒူကျေးရွာသွား လမ်းမပေါ် မှာသွားရောက်စောင့်ဆိုင်းနေခဲ့တာပဲဖြစ်ပါတယ်။၎င်း စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးလာသူ ရွှေညောင်ပင်ရပ်ကွက်၊ မော်ဟန်ကျေးရွာနေ မျိုးချစ်(ခ)မလှနဲ့ မော်ပင့်ရပ်ကွက်၊ မော်ဟန်ကျေးရွာနေ လွမ်းဒေါင် (၂၈-နှစ်) တို့ကို ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါ ဆိုင်ကယ်နောက်ထိုင်သူ လွမ်းဒေါင် လွယ်ထားတဲ့ ဘေးအိတ်ထဲက Love Flower စာတန်းပါ ဆပ်ပြာခွက်ထဲမှာ ပလတ်စတစ် အကြည်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၀ ဂရမ်စီပါ ၁၂ ခွက်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ဆက်လက်ပြီး အလေးချိန် ၁၂၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ၁ ဂရမ် ၇ သောင်းနှုန်းနဲ့ ကာလတန်ဖိုး ၈၄ သိန်းကျပ်၊ အပြာရောင် ကပ်ခွာအိတ်ထဲ ထည့်ထားတဲ့ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ထပ်မံဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။

၎င်းပန်းရောင်ဆေးပြား ၁၉၀ စီပါ ၅ ထုပ်၊ စုစုပေါင်း ဆေးပြား ၉၅၀၊ အလေးချိန် ၉၅ ဂရမ်၊ ဆေးပြား တပြားတန်ဖိုး ၃ ထောင်ကျပ်နဲ့ ကာလတန်ဖိုး ၂၈ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၂၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။ လက်ရှိမှာတော့မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ နှစ်ဦးကို မူးယစ်(ပ) အမှတ် ၃/၁၈၊ ပုဒ်မ မူးယစ်စေတတ်သော ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။