ဗီယက်နမ်နိုင်ငံရဲ့ လက်ရှိ ယောကျာ်း၊ မိန်းမ အချိုးအတိုင်းသာ ဆက်သွားခဲ့မယ်ဆိုရင်တော့ ၂၀၅ဝခုနှစ်ရောက်တဲ့အခါမှာ ဗီယက်နမ်အမျိုးသား လေးသန်းနီးပါး မိန်းမမရဘဲ နေနေရဖွယ်ရှိတယ်လို့ Asian News Network ကနေဆိုပါတယ်။ 

လက်ရှိမှာ Hanoi Population and Family Planning Department ကနေ ထုတ်ပြန်ချက်အရ ယောကျာ်းမိန်းမအချိုးဟာ 113.6:100 ရှိနေပြီး Ung Hoa, Son Tay, Ba Vi, Thach That,Soc Son, Me Lihn နဲ့ Phu Xuyen အစရှိတဲ့ ပြည်နယ်တွေမှာ ယောကျာ်းဦးရေက မိန်းမဦးရေထက် သိသိသာသာမြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ၂၀၅ဝခုနှစ်မှာ ဗီယက်နမ်မှာ မိန်းမရှားပါးမှုဖြစ်လာပြီး ၂.၃သန်းကနေ ၄သန်းအထိရှိတဲ့ ယောကျာ်းအရေအတွက်ဟာ အဖော်ဇနီးမရှိဘဲ တစ်ကိုယ်တည်းဖြစ်နေမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို သာမန်မြင်လို့မရဘဲ အနာဂတ်မှာ တိုင်းပြည်မှာ ပြည့်တန်ဆာလုပ်ငန်းတွေ ပိုမိုပေါများလာမှာမို့ ပြည်တွင်းနေထိုင်သူတွေအကုန် ဒီအချိုးမညီမျှတာကို သတိထားစေချင်တယ်လို့ လူဦးရေထိန်းချုပ်ရေးဌာနက ဒါရိုက်တာ Do Viet Hungကနေ ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်မှာ မိန်းကလေးထက် ယောကျာ်းလေးမွေးတာကို အလေးအနက်ထားပြီး သားယောကျာ်းလေးကိုသာ တန်ဖိုးထားတတ်ကြတဲ့ ရှေးရိုးစွဲအစဉ်အလာတစ်ခုရှိနေပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။