နာမည်ကျော် ဒါရိုက်တာ၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်မင်းနိုင် (ကိုပေါက်) ရဲ့ မင်္ဂလာ ရှိသော မွေးနေ့လေးဟာ ဒီနေ့မှာကျရောက်တာဖြစ်ပါတယ်။ အသက်လေးဆယ့်သုံးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အနုပညာလောကအတွက်လည်း အများကြီးအကျိုးပြုခဲ့ပါတယ်။ ဇာတ်ရုပ်ပေါင်းစုံကို အဆင်ပြေစွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိတ်သတ်အချစ်တော်တစ်ဦးအဖြစ် လည်း ယခုထက်တိုင် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝ လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်တို့ရဲ့ဖေဖေလည်းဖြစ်ပါ တယ်။

ကိုပေါက်ရဲ့လက်ရာလေးဖြစ်တဲ့ “ ဆိုင်းကြိုက်တဲ့မောင် ” ဆိုတဲ့ဇာတ်ကားလေးဟာလည်း လက်ရှိမှာ ရုံတင်နေပြီဖြစ်ပြီး အားပေးသူပရိတ်သတ်အများအပြားနဲ့ တကယ်ကိုအောင်မြင် တဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။ ဟာသသီးသန့်ချည်းပဲမဟုတ်ပဲ ရသစုံလင်အောင်ပေး ထားတဲ့ ဇာတ်ကားလေးဖြစ်ပါ တယ်။ ဟာသ ပညာပေးဇာတ်ကားလေးဖြစ်လို့ ပရိတ်သတ် တွေကလည်း အကြိုက်တွေ့နေကြပါ တယ်။ ကိုပေါက်ဟာ ဇာတ်ကားတွေအများအပြား ရိုက် ကူးခဲ့ပြီး အားလုံးလိုလိုကလည်း ပရိတ်သတ် အားပေးလက်ခံတဲ့ဇာတ်ကားတွေမို့ အောင်မြင်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ 3.1.2018 တုန်းကလည်း စေတီတစ်ထောင်ထီးတော်တင်ပွဲမှာ သားလေးနှစ် ယောက်လုံးကို ရှင်ပြုပွဲလေးကျင်းပပြီး အလှူပြုခဲ့ပါသေးတယ်။ ဒီနေ့ဟာ ကိုပေါက်ရဲ့မွေ့နေ့ ရက်မြတ်လေးဖြစ်တာ ကြောင့် အနုပညာအသိုင်းအဝိုင်းတင်ပါမက ခင်မင်သူအားလုံးကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါ တယ်။ ပရိတ်သတ်ကြီးကလည်း ကိုပေါက်ရဲ့မွေးနေ့ပွဲလေး အတွက် ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Photo – Aung Min Naing’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။