မော်ဒယ်လ်မိုးမာန် နဲ့ မော်ဒယ်လ် မေရတီဇော် တို့စုံတွဲဟာ ပရိသတ်တွေ အားကျတဲ့ အနုပညာစုံတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ မော်ဒယလ်လောကမှာ နေရာတစ်နေရာ ရရှိထားသူတွေဖြစ်ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုကို ရရှိထားသူတွေလည်း ဖြစ်ကြပါတယ်။

ဝါသနာတူချစ်သူတွေဖြစ်ကြပြီး လမ်းကြောင်းတစ်ခုတည်းမှာ ပြေးနေကြတဲ့ သူတို့နှစ်ဦးကတော့ အပြင်မှာလည်း ချစ်သူတွေဖြစ်ကြသလို မကြာခဏဆိုသလိုလည်း စုံတွဲဓာတ်ပုံတွေ မဂ္ဂဇင်းတွေမှာ ပါဝင်တတ်ကြပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးရဲ့ ကမ်းခြေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ လူမှုစာမျက်နှာထက်မှာ နာမည်ကြီး ရေပန်းစားလို့နေပြန်ပါတယ်။

ဒီဓာတ်ပုံတွေကိုတော့ မော်ဒယ်လ်မိုးမာန်က တင်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ လူမှုစာမျက်နှာထက်မှာတော့ "We don’t pray for love

We just pray for car

( ဒီခေတ်ကြီးမှာ အချစ်စစ်ရဖို့ဆုတောင်းတာထက်

ကားအကောင်းစားတစ်စီးရဖို့ပဲဆုတောင်းတော့

တယ် )

အာ့လိုဖြစ်နေတဲ့ခေတ်ကြီးမှာ ခုလိုမခွဲအတူပဲ ထာဝရလက်တွဲချင်တယ်

ရှိနေပေးတဲ့အတွက်ရော အရာရာတိုင်းအတွက် ကျေးဇူးပါ" ဆိုပြီး ရေးသားဖော်ပြထားပါတယ် ပရိသတ်ကြီးရေ....

Source: Moe Man

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။