ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်ကတော့ အမြန်လမ်းမှာ ဘုရားထီးတော်တင် ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်..။

အမြန်မလမ်းကြီးဘေးမှာ တည်ထားကိုးကွယ်တဲ့ စေတီတော်တွေကို အနုပညာရှင်တော်တော်များများ စုပေါင်းပြီး ထီးတော်တင် ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်..။

စမဘုန်းဘုန်းကြီး ဦးစီးပြီး အမြန်လမ်း(110/6) မှာ စတုတ္တအကြိမ်မြောက် စေတီတစ်ထောင် ထီးတော်တင်ပွဲကို ဇန်နဝါရီ(၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်..။

စေတီတစ်ထောင်ဆရာတော် ဦးဆောင်တဲ့ ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီး စေတီတော် ထီးတော်တင်ပွဲမှာတော့ သရုပ်ဆောင် အနုပညာရှင်များစွာလည်း ပါဝင်ကုသိုလ်ယူခဲ့ကြတာ တွေ့ရပါတယ်..။

ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်ကလည်း စေတီတော် ထီးတော်တင်ပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

"မြန်မာပြည်ကြီး ရွှေထီးဆောင်း အောင်ခြင်းရှစ်ပါး ကမ္ဘာ့ငြမ်းအေးစေတီ" တော်မှ စေတီပေါင်း (၁၀၀၀) အနက်မှ စေတီတစ်ဆူအတွက် ထီးတော်တင် ရေစက်ချ လှူဒါန်းခြင်း အတွက် အားလုံး အားလုံးကို အမျှပေးဝေပါတယ်ခင်ဗျာ..”ဆိုပြီး ရေးသားတာ ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော် ရန်အောင်ကတော့ သူ့ရဲ့ ကုသိုလ်လေးမှာ ပရိသတ်တွေကိုလည်း သာဓုခေါ် ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း သူတို့ရဲ့ မွန်မြတ်တဲ့ ကုသိုလ်လေးကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးသာဓုခေါ်ထားကြတာ တွေ့ရပါတယ်..။

အကယ်ဒမီရန်အောင်ကတော့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်ကာ အောင်မြင်ကျော်ကြားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်သလို ဘာသာရေးကိုလည်း အလေးထားပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - ရန်အောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။