မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးပြိုင်ပွဲမှာ နူမန်စီယာ အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းက အဝေးကွင်း မှာ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စပိန်ကိုပါဒရေး ပထမအကျော့ပွဲစဉ်မှာ အနိုင်ရယူထားခဲ့တာကြောင့် အိမ်ကွင်းမှာ ကန်မယ့် ဒုတိယအကျော့ကို သက်သက်သာသာ ကန်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

နူမန်စီယာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရင်၊ မေလာ၊ ဒိုင်ယာမန်ကာ၊ လာရီရာ၊ ဆီရီရာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါရတ်ဘေး၊ မာရိုရယ်၊ အဆန်စီယို၊ ဗက်ကွက်၊ စီဘယ်လော့ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ တောက်လျှောက်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး အဝေးကွင်းမှာ သက်သက်သာသာ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၃၅ မိနစ်မှာ ပယ်နယ်တီကနေတဆင့် ဂါရတ်ဘေး ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိ ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။၈၉ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဒုတိယဂိုး ရရှိခဲ့ပြီးဒီဂိုးကိုတော့ အစ္စကိုက ပယ်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ (၉၀+၁)မိနစ်မှာ မာရိုရယ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။