ပျိုမေတို့ရေ ကိတ်တာမှကြိုက်တဲ့ခေတ်က ကျန်ခဲ့ပါပြီနော်။ သေးသေးသွယ်သွယ်နဲ့ ကျစ်လျစ် တဲ့ အလှမျိုးကိုသာ ဖန်တီးလိုက်ပါ။ ရင်သေးတယ်ဆိုပြီး စိတ်ညစ်နေမယ်ဆိုရင်တော့ အခုစပြီး ပျော်ပျော်နေလိုက်ပါတာ့။ ဘာလို့ဆို ရင်သားသေးတဲ့လူတွေက ဘယ်လိုကောင်း ကျိုးတွေရရိမလဲ ဆိုတာနဲ့ အချိန်ကုန်သက်သာစေမလဲဆိုတာ ပြောပြမှာမို့လို့ပါ။

၁) လည်ပင်းဟိုက်တဲ့ အကျီတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီ။

ခပ်လန်းလန်းအကျီတွေရွေးမိလို့ ခဏခဏဆွဲတင်နေတင်နေရတာမျိုးလည်း မရှိတော့ဘူးလေ။

(၂) ရွေးချယ်ရမယ့် size

ကိတ်တဲ့သူတွေဆိုရင်တော့ size အတွက် နည်းနည်းခေါင်းစားရမှာ အမှန်ပါပဲ။ ဒီဇိုင်းကာလာနဲ့ အရွယ်အစားအတွက် အချိန်ကုန်နေချိန်မှာ စိတ်ကြိုက်ကာလာနဲ့ ရွေးချယ်စရာများတဲ့ အခွင့်အရေးကိုရရှိမှာပါ။

(၃) ရင်သားကင်ဆာနဲ့ လေ့ကျင့်ခန်း

ဒီအခွင့်အရေးကလဲ ရင်သားသေးတဲ့ ပျိုမေတို့အတွက်ပါ။ ရင်သားသေးတဲ့သူတွေဟာ ကင်ဆာဖြစ်ပွားနိုင်ချေနည်းပါးပြီး လေ့ကျင့်လန်းလုပ်တဲ့အခါမှာလည်း သက်သက်သာသာနဲ့ အဆင်ပြေစေမှာပါ။

(၄) ရင်သားနာတာတွေ အောင့်တာတွေမရှိစေခြင်း

ရင်သားကြီးတဲ့သူတွေဟာ ဘရာဇီယာဝတ်တဲ့အခါမှာ တင်းကြပ်မှုအရှိန်နဲ့ လည်ပင်းနာ တွေကို ရင်ဘတ်အောင့်တာတွေ ဖြစ်တက်ကြပါတယ်။ ရင်သားကိုပင့်တင်ပေးထား ရတဲ့အရှိန်ကြောင့် အသက်ရူကြပ်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း ဖြစ်တက်ပါတယ်။ ရင်သားသေးတဲ့ပျိုမေတို့ကတော့ ဒီပြသာနာလေးတွေ ကင်းဝေးပြီပေ့ါနော်။

ကဲ….ဘယ်လိုလဲ ဒီစာလေးဖတ်ပြီးရင်ရော ရင်သားသေးလို့ စိတ်ညစ်နေအုံးမှာလား??

အခုကစပြီး နေ့ရက်တိုင်းကိုယုံကြည်မှုရှိစွာ ကျော်ဖြတ်လိုက်စို့နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။