ယမန်နေ့က ခေါက်ဆွဲခြောက် စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အများစုက ခေါက်ဆွဲခြောက်ကို နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့စဉ် စားနေတာက ကျန်းမာရေးအတွက် အန္တရာယ် များစေပါတယ်။ ခေါက်ဆွဲခြောက်ကို မကြာခဏ စားသုံးပေးခြင်းဖြင့် ဖော်ပြပါ အချက်တွေကို ဖြစ်စေနိုင်ပါတယ်။

- နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်

- နှလုံး သွေးကြော ဆိုင်ရာများ ဖြစ်စေတယ်

- သွေးချို၊ ဆီးချို ရောဂါများကို အလွယ်တကူ ဖြစ်စေတယ်

- ဟော်မုန်းဓာတ်ကို ထိခိုက်စေတယ်

- အစာမကြေဖြစ်စေတယ်

- ကျောက်ကပ်ကို ထိခိုက်စေတယ်

- ကင်ဆာ ရောဂါ ဖြစ်နိုင်ခြေကို အားပေးတယ်

ဒါ့ကြောင့် ခေါက်ဆွဲခြောက်ထုပ်ကို ကျန်းမာရေး မထိခိုက်အောင် စားသုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁) ပထမဆုံး ပြုတ်ထားတဲ့ အရည်ကို သွန်ပစ်ပါ။

ခေါက်ဆွဲထုပ်ကို ရေအနည်းငယ်နှင့် ထည့်ပြုပတ်ပြီးနောက်ထ ထိုရေများကို သွန်ပစ်ပါ။ ခေါက်ဆွဲတွေ မကပ်ငြိအောင် ခေါက်ဆွဲခြောက်ထုပ်မှာပါတဲ့ ဖယောင်း (Wax) တွေ ကွာကျသွားပါလိမ့်မယ်။ ခေါက်ဆွဲကို အရည်နဲ့ စားချင်တယ် ဆိုရင်တော့ ရေနွေး ထပ်ထည့်ပါ။ ဆီချက် စားမယ် ဆိုရင်တော့ ခေါက်ဆွဲပြုတ်ရည်များကို သွန်ပစ်ပြီး ခေါက်ဆွဲဖတ်များကို ရေအေး လောင်းပေးပါ။ ခေါက်ဆွဲကို သေချာကျက်မှ အရသာမှုန့်တွေကို ထည့်ပြီး သုံးဆောင်ပါ

ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပေမယ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။  

နည်းလမ်း (၂) ဟင်းသီးဟင်းရွက်များ ထည့်စားပါ။

နောက်တစ်ချက်က ခေါက်ဆွဲပြုတ်ထဲကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ ထည့်စားသင့်ပါတယ်။ ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ဟင်းသီးဟင်းရွက်များမှ ရရှိစေနိုင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

ကျန်းမာရေးအတွက် အကောင်းဆုံး နှင့် အသင့်တော်ဆုံး နည်းလမ်းကတော့ တစ်ပတ်မှ တစ်ထုပ်သာ ခေါက်ဆွဲပြုတ်ကို စားသုံးသင့်ပါတယ်။ စားသုံးတဲ့ အခါမှာလည်း ဖော်ပြပါ နည်းလမ်းအတိုင်း စားသုံးဖို့ မမေ့ကြနဲ့နော်။

ကျန်းမာ ချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ။

သတင်းအရင်းအမြစ် - ဒေါက်တာဦးကိုကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။