မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးပြိုင်ပွဲမှာ ဆယ်တာဗီကို အသင်းနဲ့ ဘာစီလိုနာအသင်းဟာ တစ်ဖက် ၁ ဂိုးစီ သရေ ကျခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ လူငယ်တွေ ပွဲထုတ်ခဲ့ပြီး အဓိက ကစားသမားအချို့ကို အနားပေးခဲ့တာလည်းဖြစ်ပါတယ်။စပိန်ကိုပါဒရေးဒုတိယအကျော့ကိုတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။

ဆယ်တာဗီကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စစ်စတို၊ ဂွန်ဇာလက်၊ အဲပက်စ်၊ ဆန်းချက်၊ လိုဘော့ကာ၊ ဝက်စ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွကိလူစာရင်းမှာတော့ ဆွာရက်စ်၊ ဗီဒယ်၊ အန်ဒရီဂိုမက်၊ ဘက်စ်ကွက်၊ ပေါ်လင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကို တော့ ဘာစီလိုနာအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၁၅ မိနစ်မှာ အာနိုက် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၃၁ မိနစ်မှာတော့ စစ်စတို က ဆယ်တာဗီကို အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့ကိုတော့ ၁၁ ရက်နေ့ ဇန်နဝါရီ လမှာ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ ဘယ်လိုရလဒ်တွေထွက်ပေါ်လာအုံးမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။