ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ တွင် ဇင်ဘာဘွေနိုင်ငံတောင်ပိုင်း ဘူလာဝါယိုမြို့တောင်ဘက် ၄၀ကီလိုမီတာ အကွာခန့် ရှိ မာတိုပို့စ် အမျိုးသားဥယျာဉ်၌ ကမ္ဘာလှည့်ခရီးသည် တစ်ဦး မိကျောင်းကိုက်ခံ၍ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ဇင်ဘာဘွေအမျိုးသားဥယျာဉ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၂ဦး ကနူးလှေစီးနေစဉ် မိကျောင်းများရဲ့ တိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။ John Bowman နှင့် Rosemary Mitchell အမည်ရှိ ခရီးသွားစုံတွဲဟာ မာတိုပို့စ် အမျိုးသားဥယာဉ်ရှိ မိကျောင်းများ ကျက်စားရာ Mpopoma ဆည်အတွင်း လှေလှော်နေစဉ် မိကျောင်းများက ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ယင်းစုံတွဲဟာ အားလပ်ရက်မှာ သူငယ်ချင်းများ နှင့်ပျော်ပွဲစား ထွက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံ သဘာဝဥယျာဉ် နှင့် တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tinashe Farawo က ယင်းကမ္ဘာလှည့်ခရီးသည် ၂ဦးဟာ မိကျောင်းများ ကျက်စားရာဆည်အတွင်း စီးနင်းခွင့်မရှိသော ရာဘာလေ ထိုးလှေဖြင့် လှော်ခတ်သွားလာခဲ့ကြကြောင်း Herald သတင်းဌာနသို့ ဇန်နဝါရီ ၃ရက်တွင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။Farawo က ယင်းတို့ နှစ်ဦးအား ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သော်လည်း Bowman ဟာ ဆေးရုံသို့မရောက်ခင် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ Mitchell ကိုတော့ ဘူလာဝါယိုမြို့ဆေးရုံရဲ့ အရေးပေါ်လူနာဆောင်တွင် ဆေးကုသပေးထားတယ်လို့ သိရပါတယ်။၎င်းက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် တောရိုင်းတိရစ္ဆာန်များ နှင့် နီးကပ်စွာမနေသင့်ကြောင်း၊ မည်သို့ပင် ထိန်းသိမ်းထားစေကာမူ အန္တရာယ်ရှိနိုင် ကြောင်းပြောကြားခဲ့ တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။