ကျွမ်းဘားမယ်လည်းဖြစ် အလှမယ်လည်းဖြစ်တဲ့ ထားထက်ထက်ကတော့ ပရိတ်သတ်တွေချစ်ကြတဲ့ အလှမယ်လေးတစ်ယောက်ဖြစ်ပါတယ် ။

ပရဟိတစိတ်အပြည့်အဝရှိပြီး ကြုံတဲ့နေရာတိုင်းမှာ ကူညီနေတတ်သူပါ ။ သူမကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားတွေလဲ ရိုက်ကူးနေပါတယ် ။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ အက်ရှင်ခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင်တဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ် ။ အဲဒီလို အလုပ်ကြိုးစားတဲ့သူမက ဒီတစ်ခေါက်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဆံပင်အရှည်နဲ့ ပါ၀င်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ဖြစ်တဲ့ အတွက် ဆံပင်ညှပ်ဆိုင်က ဆံပင်အစစ်ကိုဆက်လိုက်မိတဲ့နောက် သူမကြံုတွေ့ရတဲ့ အဖြစ်ဆန်းအကြောင်းကို အောက်ပါအတိုင်းပြောပြထားခဲ့ပါတယ် ။ 

" ဟိုတရက်က ထူးဆန်းတဲ့အရာ ပြောပြမယ် ဆိုတာလေ.

ထားထက် ကိုယ်တိုင်ကြံုတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အကြောင်းအရာတခုပါ။ တိုက်ဆိုင်တာလား စိတ်ထင်တာလား စောင့်ကြည့်နေတာ....... ၁ ရက် ၂ ရက်မဟုတ်တော့ မသင်္ကာဖြစ်လာလို့ ...

ထားထက် ဆံပင်ကအတိုဖြစ်နေတော့ အခုရိုက်မယ့် ဇာတ်နဲ့လိုက်အောင်ဆိုပြီး ခရီးမထွက်ခင် ဆံပင်သွားဆက်ဖြစ်တယ်။ ခါတိုင်းတော့ ဆံပင်အတုတွေပဲသုံးဖြစ်ပေမယ့် ဒီတစ်ခါတော့ စိတ်ထဲမှာ ဆံပင်ဆက်ချင်စိတ်လေးဖြစ်လာတာနဲ့ တခါမှလဲ မဆက်ဘူးတာနဲ့ ဆံပင်အစစ်ဆက်လိုက်တယ် .. ဆက်ပြီးပြီးချင်း ရန်ကုန်မှာ ၂ ညလောက် နေတုန်းကတော့ ဘာမှမဖြစ်ပေမယ့် ဇာတ်ကား ရိုက်ရတဲ့နေရာက ရိုးမတောတောင် ဘက်မှာဆိုတော့ တောတွေတောင်တွေကြားထဲမှာ ရေလဲခက်ခဲ မီးကလဲ မရှိ နဲ့ ညဆို မှောင်မဲပြီး လရောင်ရိပ်ရိပ်လေးပဲရှိတယ်...ဒီနေရာက အရင်တုန်းကဆို အရမ်းနက်တဲ့တောကြီးကို ခုလမ်းဖောက်ပြီး ရွာတည်ထားတဲ့နေရာတဲ့......

အဲ့မှာ ပထမရက် ရောက်ရောက်ချင်း ညက မိုးတော်တော်ချုပ်တဲ့ အချိန်မှာ ထားထက်တို့ အိမ်သာသွားချင်လို့ Toilet ရှာရင်း ထားထက် ဆံပင်ကို နောက်ကနေ တယောက်ယောက်က ဆွဲလိုက်သလိုခံစားမိလိုက်တော့ ထားထက်က ညီမလေးနောက်တယ်ထင်ပြီး သူ့ကိုသွားအော်တော့ သူက သူ မဆွဲပါဖူးတဲ့ ထားထက်မေမေကလဲ အရှေ့ကနေသွားတာဆိုတော့ နောက်မှာက ညီမလေးပဲရှိတာလေ အဲ့ဒါနဲ့ သြော် ငါ့ကို လာနောက်တာပဲဆိုပြီး ထားလိုက်တာ ပြီးတော့ ညနေဘက်မှာ ထားထက်တို့အချင်းချင်းက သရဲအကြောင်းတွေပြော သရဲခြောက်တယ်ဆိုပြီး စ နောက်နေကျတော့လေ.....

ဒုတိယ ည အိပ်တော့ ထားထက် အိပ်ပျော်နေတဲ့ချိန် တယောက်ယောက်က ဆံပင်ကိုဆွဲပြီး နှိုးနေသလိုခံစားရတော့ လန့်နိုးသွားတဲ့ချိန် ဘေးမှာလဲ မေမေနဲ့ ညီမလေးက အိပ်မောကျ နေကြတယ် ည က ၂နာရီလောက်ရှိပြီ ထင်တယ်။ ထားထက်လည်း နည်းနည်းတော့လန့်သွားတာနဲ့ ဘုရားစာတွေရွတ် မေတ္တာတွေပို့ပြီး ပြန်အိပ်ပျော်အောင်အိပ်လိုက်တော့တာပေါ့နော်။ စိတ်ထဲသိပ်မထားတော့ပဲ နေလိုက်တော့တယ်။

နောက်ရက်ကျတော့ New Year ညရောက်တော့ ရန်ကုန်ကို အလုပ်ရှိတာနဲ့ပြန်လာဖြစ်တယ်။ ရန်ကုန်မှာတော့ ဘာမှမဖြစ်ဘူး အေးဆေးပဲ။ စိတ်ထင်တာလဲ မဖြစ်ဘူး။ ဆွဲခံရသလိုလဲ မခံစားမိဘူး။

ဒါနဲ့ပဲ စိတ်ထဲမှာတော့ မသိုးမသန့်ဖြစ်လာရော

၁ ရက်နေ့ကျတော့ ဇာတ်ကားမပြီးသေးတာနဲ့ အဲ့နေရာကိုပဲ ပြန်လာရတယ်။ ထားထက်စိတ်ထဲမှာ အရမ်းကြောက်နေတာတော့ မဖြစ်ပေမယ့် သတိထားပြီး နေကြည့်တယ်။ ဇာတ်ကားကလဲ တဝက်တပျက် မပြီးသေးတော့ ဘာလုပ်ရမလဲ မသိပေါ့။ (တယောက်ထဲဆိုရင်တော့ ကြောက်တာပေါ့နော် ခုက လူအများနဲ့ အဖော်တွေပါတော့ အရမ်းမကြောက်ဘူး) ၁ ရက်နေ့ ည ရောက်တော့ အိပ်ခါနီး အိမ်သာသွားတော့ လျှာရှည်ပြီး တည်းတဲ့နေရာကမဟုတ်ပဲ ဧည့်သည်တွေ အတွက်ဆောက်ထားတဲ့ ဝေးတဲ့အိမ်သာ သွားလိုက်တာ နေရာက လယ်ကွင်းပြင်ကြီးကို ဖြတ်သွားရတော့ မီးကလဲ မရှိတော့ ဖုန်းမီးလေးထွန်းပြီး သွားနေရတဲ့ အချိန် ဆံပင်ကို တယောက်ယောက် ဆွဲထားသလို ခံစားလိုက်ရပြန်ရော အဲ့တော့မှ ထားထက်လဲ လန့်တာနဲ့ အမြန်မြန် အိမ်ထဲပြန်လာပြီး ဘုရားရှိခိုး မေတ္တာပို့ ပရိတ်တွေရွတ်ပြီး အိပ်လိုက်ရတယ်။ ဒီနေ့တော့ မရတော့ဘူး ဆံပင်ဖြုတ်တော့မယ် ဒီဇာတ်ကားကလဲ ပြီးခါနီးပြီ ဆိုတော့ ထားထက် အခန်းတွေ အမြန်အရင်ပြီးအောင် ရိုက်ပေးပါဆိုပြီး ဇာတ်ကားပြီးအောင်ရိုက်ပြီး ဆံပင်ကိုဖြုတ် မေတ္တာပို့ ခေါင်းလျှော်လိုက်ရတယ်။ ဆံပင်ကြောင့်ဖြစ်တာလား ၊ တောထဲမှာ ကို်ယ်တွေက လျှောက်စ လျှောက်နောက်နေလို့ပဲ ဖြစ်တာလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။

ဘယ်လိုထင်လဲဟင်??? ပြောပြကြပါလား " လို့ သူမက ဆိုခဲ့တာပါ ။

Myanmarload ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲဟင် ?

သတင်းအရင်းမြစ် Htarr Htet Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။