နှုတ်ခမ်းနီမလေးတွေအသဲစွဲ အဆိုတော် Gfatt ကတော့ ဖေ့ဘုတ်မှာ Follower အရေအတွက်များတဲ့ လူငယ်အနုပညာရှင်စာရင်းမှာ ပါ၀င်နေပါတယ်။

လက်တလော လူမှုကွန်ရက်စာမျက်နှာအချို့မှာ Gfatt ရဲ့ ဓာတ်ပုံအချို့ထွက်ပေါ်နေပြီး ဝေဖန်မှုတွေလည်းကြုံနေရပါတယ်။

ဂျီဖတ် ရဲ့ ပုံရိပ်တွေဟာ Troller တွေကြားမှာ အတော်လေးဂယက်ထနေပေမယ့် ဂျီဖတ်ကတော့ အဲ့ဒီမဟုတ်မမှန်တဲ့သတင်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုပြောလာပါတယ်။"ကောလဟာလတွေလျောက်ဖွတဲ့ သတင်းအမှားတွေကို မယုံစေ့ချင်ကြောင်း " ဆိုပြီး ပြန်ဖြေရှင်းထားပါတယ်။

အများနဲ့မတူပဲ လူငယ်ပရိသတ်တွေရင်ထဲစွဲကျန်စေတဲ့ ရက်ပ် စာသားအလန်းလေးတွေကို ရေးစပ်သီဆိုနုုိင်တာကြောင့် ဂီတလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အောက်ခြေဘဝကနေ အောင်မြင်မှုရောက်တဲ့အထိ ကိုယ့်အစွမ်းစနဲ့ ကြိုးစားခဲ့တာကြောင့်လည်း သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေများစွာရှိနေတာဖြစ်ပါတယ်။ သူဟာ အဆိုလိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း အတွေ့အကြံုရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူ့သီချင်းလေးတွေကတော့ ထွက်သမျှ လူကြိုက်များနေတာပါပဲ။

လက်တလောမှာတော့ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ကောလဟာလတွေကို Gfatt ကတော့ ပြန်ဖြေရှင်းထားတာမို့ ပရိသတ်တွေလည်း အလွယ်တကူမယုံလိုက်ကြပါဦးနဲ့နော်။  

Source : Gfatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။