နာမည်ကျော်တေးသံရှင်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်တစ်ယောက် သူမကို တစ်ချို့သူတွေ ရိုင်းစိုင်းစွာပြောဆိုသုံးနှုန်းနေတဲ့စကားလုံးတွေကိုပြန်လည်မေးခွန်းထုတ်လိုက် ပါတယ်။ သူမဟာ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေရဲ့အချစ်တော် တစ်ဦးလည်းဖြစ်ပါတယ်။ သူမတို့ မိုးကုတ်မြို့ရဲ့ နှစ်ပေါင်းရှစ်ရာပြည့်ပွဲတော်မှာလည်း ပါဝင် ဖျော်ဖြေခဲ့သူတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားလေးတစ်ဦးကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့ အဆင်ပြေပြေ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းပိုင်ဆိုင်ထားပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပီပြင် ပိုင်နိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အောင်မြင်မှုကိုကြာရှည်စွာထိန်းသိမ်းထားနိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေကို ယနေ့ထက်တိုင်မပျောက်မပျက် ချုပ်ကိုင်ထားနိုင်သူ တစ်ဦး ပါပဲ။ သူမဟာ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲကိုတက်ရောက်ခဲ့ပြီးနောက်ပိုင်း လူတစ်ချို့ရဲ့ စွပ်စွဲပြောဆိုမှုတွေကို ခံလာရပါတယ်။ သူမကို ကုလားမဟုစွတ်စွဲပြောဆိုပြီးနောက် ကုလားတွေနဲ့ ပက်သက်မှုရှိတယ်လို့ပါ ထပ်မံပြီးစွပ်စွဲပြောဆိုတာတွေကို သူမက ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

သူမရဲ့ Facebook မှာ “ တချို့သေချာလဲ မသိပဲနဲ့ ကျမကို ကုလားမ တို့ ကုလားမယား တို့ ဘာကြောင့်ခေါ်ကြတာလဲမသိဘူး ... စိတ်ဆိုးလို့မေးတာမဟုတ်ပါဘူး.. သိချင်ယုံ သက်သက် ပါ .. နားမလည်လို့ ... (ဘာသာပေါင်းစုံ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျမ ချစ်ခင်ပါ တယ် /သူတို့ အသုံးအနှုန်းကိုအံ့ဩလို့ပါ ) ” ဆိုပြီးမေးထားတာဖြစ်ပါတယ်။ တစ်ချို့သူတွေ ဟာ အမြင်နဲ့ ဆုံးဖြတ် တတ်ကြတာကြောင့် အမှားတွေအများကြီးကိုပြောမိဆိုမိတွေဖြစ်တတ် ကြပါတယ်။ တစ်ခါတလေတော့ ကိစ္စမရှိပေမယ့် အမှားတွေအကြိမ်ရေများလာရင်တော့ အဆင်မပြေလောက်တော့ပါဘူး။ ပရိတ်သတ်ကြီး အမြင်ရှင်းအောင် တင်ဆက်ပေးလိုက် ပါတယ်။

Photo – Mi Mi Khine’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။